ဝန်ထမ်းရှာဖွေ သူတွေ မမြင်ချင်တဲ့ (စိတ်မ၀င်စားတဲ့) Resume ပေါ်က အချက် ၂၀ (အပိုင်း ၁)
သင့်အနေနဲ့ first impression ရရှိဖို့ အတွက် ဒုတိယအကြိမ်ကြိုးစားနိုင်တယ်လို့ ဘယ်တော့ မှ မယူဆလိုက်ပါနဲ့ ။
ဝန်ထမ်းရှာဖွေသူတွေ၊ Hiring manager တွေဟာ တစ်နေ့ တစ်နေ့ ကို Resumes ပေါင်း ရာကျော်ကို ဖတ်ရပါတယ်။ သုတေသနတွေအရ Hiring manager တစ်ယောက်ရဲ့ resume တစ်စောင်ကို ကြည့်ရှုချိန်ဟာ ၁ မိနစ်ထက် မပိုပါဘူး။ တစ်ခါတစ်ရံ ၆ စက္ကန့် လောက်သာ ရှိတယ်လို့ ဆိုကြပါတယ်။ အချို့  company တွေဆိုယင် Resume တွေကို software နဲ့ အယင် စစ်ချလိုက်ပါတယ်။ နောက်ဆုံးစကာတင်ကျန်တဲ့ Resume တွေကိုပဲ Hiring Manager တွေက ထပ်ပြီး စစ်ဆေးပါတယ်။ ကျွန်တော် အယင်လုပ်ခဲ့တဲ့ အဖွဲ့ မှာသုံးတဲ့ online recruitment system ကို ၀င်လိုက်ယင် အလုပ်လျှောက်တဲ့သူ နာမည်နဲ့ သူဘေးမှာ သူ့ ရဲ့ CV က ဘယ်လောက်ထိ complete ဖြစ်တယ်ဆိုတာကို ရာခိုင်နှုန်းနဲ့ ပြထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ ရာခိုင်နှုန်းကိုကြည့်ပြီး အယင် ရွေးချလိုက်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း အထက်မှာ ရှိတဲ့ အလုပ်လျောက်တဲ့သူတွေပဲ နောက်ဆုံးမှာပါလာပါတော့တယ်။ CV form ကို ပုံစံကျအောင် မရေးထားတဲ့ သူတွေ ရဲ့ CV တွေဟာ မပါလာဘူး။ ဒါကြောင့် ဒီလို စစ်ချလိုက်တဲ့ အထဲမှာ သင့်ရဲ့ Resume မပါသွားစေဖို့ အတွက် ဘယ်လိုအချက်တွေကို မရေးသင့်ဘူးလဲ ဆိုတာကို ရေးပြလိုက်ပါတယ်။
မှတ်ချက်။ ။ ဒီနေ့ ရေးမှာကတော့ Resume ကို အသားပေးပြီး ရေးသွားပါ့မယ်။ ဒါကြောင့် ဒီနေ့ ရေးမယ့် အချက် ၂၀ လုံး ကို CV အတွက်တော့ တိုက်ရိုက် အသုံးပြုလို့ မရလောက်ပါဘူး။
၁။ Hiring manager တွေက သင့်ရဲ့ ဘ၀ သမိုင်းကြောင်းကို မသိချင်ပါဘူး။
သင်ဖော်ပြသည့်အချက်မှန်သမျှဟာ သင်လျှောက်မယ့် အလုပ်ကို သာ အထောက်အကူဖြစ်မယ့် အချက်များပဲ ဖြစ်ပါစေ။ ဒါမှမဟုတ်ယင်တော့ သင့်ရဲ့ resume က အမှိုက်ပုံးထဲရောက်သွားပါလိမ့်မယ်။
၂။ ရှုပ်ထွေး ပြီး မသပ်မရပ်ရှိသော Resume များကို မမြင်ချင်ပါ။
အပေါ်မှာရေးခဲ့သလို ပဲ Hiring Manager တွေဟာ Resume တစ်ခုကို အကြာကြီး အချိန်ပေးမကြည့်ပါဘူး။ သူတို့ ကြည့်ရမယ့် Resume တွေများလွန်းလို့ ပါ။ အဲ့ဒီ အချိန်မှာ သင့်ရဲ့ Resume က မသပ်မရပ် ဖြစ်နေမယ်၊ ရှုပ်ထွေးနေမယ်ဆိုယင် သူတို့ အနေနဲ့ အချိန်ပေးပြီး ကြည့်တော့မှာ မဟုတ်ပါဘူး။ အလွယ်တကူပဲ နောက် Resume တစ်ခုကို ဆက်ကြည့်သွားပြီး သင့် Resume ကို ကျော်သွားပါလိမ့်မယ်။
နောက်တစ်ခုကတော့ ရှုပ်ထွေးနေတဲ့ အတွက် ကိုက်ညီတဲ့ သင်တော်တဲ့ အချက်ကို ရှာဖွေရခက်သွားပါပြီ။ အဲ့ဒီအချိန်မှာ ဘယ်သူမှ စေတနာထားပြီး အသေးစိပ်လိုက်ကြည့်တာမျိုး လုပ်လိမ့်မည် မဟုတ်ပါ။
ကျွန်တော် အခု လုပ်နေတဲ့ အလုပ်မှာ international volunteer position တစ်ခုအတွက် CV/Resume ပေါင်း ၅၀ ကျော် ကြည့်ရပါတယ်။ တစ်ချို့  project တွေ ဆိုယင် volunteer position ၁၀ ခုကျော်ပါတယ်။ အဲ့ဒီအခါမှာ CV/Resume က ရာကျော်သွားပါပြီ။ အဲ့ဒီအခါမှာ CV/Resume အားလုံးကို အသေးစိပ်မကြည့်နိုင်ပါ။ volunteer position နဲ့ သက်ဆိုင်တဲ့ အတွေ့ အကြုံရှိလားဆိုတာကို အကြမ်းဖျဉ်း ကြည့်လိုက်ပါတယ်။ သက်ဆိုင်တာ တစ်ခုမှ မရှိဘူးဆိုယင် ဆက်ပြီး မကြည့်တော့ပါဘူး။
၃။ သင့်ရဲ့ ဓါတ်ပုံ ဒါမှမဟုတ် အခြားသော ဓါတ်ပုံတွေကို Resume ပေါ်မှာ 
မကြည့်ချင်ပါ။
မြန်မာပြည်မှာတော့ CV တွေ၊ Resume တွေမှာ ဓါတ်ပုံ ထည့်ကြပါသေးတယ်။ အချို့ အလုပ်များကလည်း ဓါတ်ပုံနှင့်တကွ ဆိုတာမျိုး ရှိနေပါသေးတယ်။
ဒါပေမယ့် international job တော်တော်များများမှာတော့ ဓါတ်ပုံမတောင်းပါဘူး။ သိလည်း မသိချင်ကြပါဘူး။ ဘာလို့ လည်းဆိုတော့ အရည်အချင်းကို ရွေးမှာဖြစ်လို့ ပါပဲ။ မိန်းမ၊ ယောကျာ်းတောင် မသိချင်ပါဘူး။ အင်တာဗျူးကျမှပဲ ဘယ်သူဆိုတာ သိပါတယ်။
ကျွန်တော် အယင် လုပ်ခဲ့တဲ့အလုပ်မှာဆိုလည်း အင်တာဗျူး ၂ ခါစလုံး ကို skype ကပဲ လုပ်ခဲ့ပါတယ်။ video call တောင်မလုပ်ပါဘူး။ အလုပ်စ၀င်တဲ့နေကျမှပဲ မြင်ဖူးကြတာပါ။
ဒါကြောင့် Resume မှာ ဓါတ်ပုံပါစရာမလိုပါဘူး။ (မှတ်ချက်။ ။ ဓါတ်ပုံနှင့်တကွ တင်ပါရန် (ဒါမှမဟုတ်) ရုပ်ရည်ချောမော ပြေပြစ်ရမည် လို့ ဖော်ပြထားလျှင်တော့ ထည့်ရပါမယ်)။
၎။ မသေချာမရည်ရာသော ဦးတည်ချက်မှာ ကို မမြင်ချင်ပါ။
Resume မှာ ရေးတတ်ကြပါတယ်။
ဥပမာ “ Seeking a challenging position that offers professional growth” ဆိုတာမျိုးပေါ့။ အဲ့ဒါက ဘာကို လိုချင်တာလဲ။ ဘယ်လို challenge မျိုးလဲ။ ဘာမှ မသေချာပါဘူး။ ယေဘုယျ အရမ်းဆန်းသွားပါတယ်။
အဲ့လို ရေးမယ်အစား လျှောက်မယ့်အလုပ်နဲ့ ကိုက်ညီမယ့်  objective/ရည်မှန်းချက်ကို ရေးသင့်ပါတယ်။
ဥပမာ “Seeking a xxx project manager position that enable me to apply my xxx project management knowledge and experience to maximize impact of this xxx project.”
၅။ အလုပ်နဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေး အကြောင်း အရာများကို မမြင်ချင်ပါ။
ဥပမာ သင် ဘာအားကစား လုပ်တာ ၀ါသနာပါတယ်တို့ ၊ အားလပ်ချိန်မှာ ဘာလုပ်တယ်ဆိုတာမျိုးတွေကို ထည့်စရာမလို ပါ။ နောက်တစ်ခုကတော့ marital status ကိုလည်း ဖော်ပြစရာမလို ပါ။
ဒါပေမယ့် သင့်လျှောက်မယ့် အလုပ်က လူတွေအများကြီးနဲ့ တွေ့ ရပြီး သူတို့ နဲ့ ခင်မင်ရင်းနှီးအောင်လုပ်ရမယ့် public relation နေရာမျိုးဆိုယင်တော့ အားကစားလုပ်တာတို့ ၊ ခရီးသွားတာ ၀ါသနာပါတာတို့ ကို ထည့်လို့ ရပါတယ်။
ဥပမာ ကျွန်တော်တို့ အလုပ်မှာ finance manager လုပ်ရမယ့် လူမျိုး ကို ရှာယင် သူ ဘာအားကစားလုပ်တယ်၊ စကားပြောကောင်းလား၊ ဘာဝါသနာ ပါလဲ ဆိုတာတွေကို မကြည့်ပါဘူး။ ငွေကြေးထိန်းချုပ်ခန့် ခွဲမှု နိုင်လားဆိုတာကို ပဲ အဓိက ဦးစားပေးပါတယ်။
ဒါပေမယ့် အဖွဲ အစည်းတိုးတက်ရေးအတွက် အလှူရှင်တွေ၊ အစိုးရ အဖွဲ့ အစည်းတွေ၊ မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်ဆံရမယ့် ရာထူးကို ရှာယင်တော့ လူတွေနဲ့ ပေါင်းသင်ဆက်ဆံရေးကောင်းတဲ့သူ ကို ရွေးရပါ့မယ်။
၆။ လူတိုင်းမှာ ရှိနိုင်မယ့် အရည်အချင်း၊ အတွေ့ အကြုံမျိုးတွေကို မမြင်ချင်ပါ။
ဥပမာ Microsoft word သုံးတတ်တယ်တို့ ၊ powerpoint လုပ်တတ်တယ်တို့ ဆိုတာမျိုးကို အသေးစိပ်ဖော်ပြစရာမလိုပါ။ ဘာလို့ လည်းဆိုတော့ ဒီအလုပ်ရဲ့ JD မှာကတည်းက ဒါတွေ သုံးတတ်ရမယ်ဆိုတာ ဖော်ပြထားပြီးသားပါ။ အဲ့ဒီတော့ လျှောက်မယ့်သူအနေနဲ့ က ဒါတွေ သုံးတတ်မှ လျှောက်ရမှာပါ။ Hiring manager ဘက်ကလည်း လာလျှောက်တဲ့သူတွေ က ဒါတွေ သုံးတတ်တယ်ဆိုတာ ယူဆထားပြီးသားပါ။ အဲ့ဒီတော့ အထူးတလည် ဖော်ပြစရာမလို ပါဘူး။
ဒါပေမယ့် သင်လျှောက်မယ့် အလုပ်က computer programmer အလုပ်ဆိုယင်တော့ သင်ကျွမ်းကျင်တဲ့ programming language တွေကို ဖော်ပြရမှာပါ။
၇။ Resume မှာ မရှင်းပြထားတဲ့ gap တွေကို မမြင်ချင်ပါ။
ဥပမာ သင် အလုပ် သက်တမ်းက 2008 ကနေ 2015 ထိ ရှိတယ်ဆိုပါစို့ ။ ဒါပေမယ့် 2011-2012 မှာ သင်က ကျောင်းတတ်လိုက်ပါတယ်။ ဒါဆို ရှင်းပြထားဖို့ လိုပါတယ်။
အဲ့လိုမှ မဟုတ်ပဲ အလုပ်အတွေ့ အကြုံရေးတဲ့နေရာမှာ 2011-2012 က ပျောက်နေယင် hiring manager ဘက်က အခြား အတွေး ပေါက်သွားနိုင်ပါတယ်။ အလုပ်လက်မဲ့ ဖြစ်နေတာလားပေါ့။
၈။ အမြင်ဆန်းသော font များ၊ format များကို မမြင်ချင်ပါ။
Font ထူးထူးဆန်းဆန်းများသုံးခြင်း၊ Resume မှာ အရောင်တွေ ထည့်သုံးခြင်းကို လည်း ရှောင်ကြဉ်သင့်ပါတယ်။ ဥပမာ အချို့ ခေါင်းစဉ်တွေကို လှပအောင်ဆိုပြီး text နဲ့ မရိုက်ပဲ word arts က အလှ စာလုံးတွေနဲ့ ရေးလိုက်ပါတယ်။ software နဲ့ screen လုပ်တဲ့ အလုပ်မျိုးနဲ့ တွေ့ ယင် အဲ့ဒီ word arts တွေကို ကျော်ဖတ်သွားပါလိ့်မ်မယ်။ ဒါဆိုယင် သင့်ရဲ့ resume က ပြည့်စုံမှု မရှိဘူးလို့ ပဲ ပြသွားပါလိမ့်မယ်။
နောက်တစ်ခုကတော့ hiring manager တွေက သင့် Resume ကို print ထုတ်ယင် ဘယ်သူမှ color print မထုတ်ပါဘူး။ black and white ပဲထုတ်မှာပါ။ အဲ့ဒီအခါမှာ သင်သုံးထားတဲ့ color တွေဟာ အရောင်မှိန်လျှင် မိန်ကုန်မယ်။ ပျောက်လျှင် ပျောက်သွားနိုင်ပါတယ်။
၉။ social media ပေါ်က profiles တွေမှာ ပြည့်ပြည့်စုံစုံ မရေးထားခြင်း။
ဒါကြောင့် ကျွန်တော်က Linkedin account ကို အသုံးပြုဖို့ တိုက်တွန်းထားတာပါ။ အခုနောက်ပိုင်း အလုပ်ရှင်တော်တော်များများဟာ သူတို့ စိတ်ဝင်စားတဲ့ resume ကို ဖတ်မိပြီဆိုယင် social media ပေါ်ကနေ လှမ်းရှာတတ်ပါတယ်။ အများဆုံးကတော့ linkedin မှာ ရှာတတ်ကြတယ်။
သင့်အနေနဲ့ linkedin အကောင့် မရှိနေဘူးဆိုယင်တော့ ထားလိုက်ပါတယ်။ ရှိတော့ ရှိတယ်။ ဘာမှ update ဖြစ်မနေဘူး။ ဘာမှ သေချာ မရေးထားဘူးဆိုယင်တော့ impression ကျသွားနိုင်ပါတယ်။
ကျွန်တော်ဆိုယင် ကိုယ်က အလုပ်ခေါ်မယ်ဆိုလျှင်ပဲ ဖြစ်ဖြစ် အလုပ်လျှောက်တာပဲ ဖြစ်ဖြစ် linkedin မှာ ရှာပါတယ်။ ကိုယ်က အင်တာဗျူးရမယ့်သူဆိုယင်တော့ သူ့ နာမည် သိနေတော့ ရှာရလွယ်ပါတယ်။ ကိုယ်က အင်တာဗျူးခံရမယ့်သူ၊ ကိုယ့်ကို ဗျူးမယ့်သူ ကို မသိဘူးဆိုယင်လည်း linkedin မှာ ကြိုးစားကြည့်နိုင်ပါသေးတယ်။ ဥပမာ ဘယ် INGO က country director ဆိုပြီး ရှာလိုက်ယင် ပေါ်လာတတ်ပါတယ်။
၁၀။ first person အနေနဲ့ ရေးထားတာကို မမြင်ချင်ပါဘူး။
တော်တော်များများရေးတတ်ကြပါတယ်။
I was responsible for managing xxxx, leading xxxx, training xxxx.
အဲ့လို ရေးတာမျိုးထက် managed xxx, led xxxx, trained xxxx ဆိုတာမျိုးကို ပိုပြီး မြင်ချင်ကြပါတယ်။ 
(ဆက်လက်ဖော်ပြပါဦးမည်)။ 
ကိုဟိန်း (Prospect Myanmar) 
Comments
Popular posts from this blog
အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။
အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ
TeamWork အကြောင်း