လူချမ်းသာတွေ ဘာလို ပိုပို ပြီး ချမ်းသာလာကြသလဲ (သို့ ) ချမ်းသာသော လူတန်းစားနှင့် အလယ်အလတ် လူတန်းစား များကြား ရှိ ကွဲပြားသော ခံယူကျင့်သုံးမှုများ
ဒီ ဆောင်းပါးကို ရေးလိုက်လို့ ကျွန်တော့် ကို မေးခွန်းမေးလာနိုင်ပါတယ်။ မင်းကကော ဘယ်လူတန်းစားမှာ ပါသလဲ ဆိုပြီး တော့။ လူချမ်းသာ တော့ မဟုတ်တာသေချာပါတယ်။ အလယ်အလတ် ထဲမှာ ပါလားဆိုတော့ မိဘ နဲ့ နေတုန်းကတော့ အလယ်အလတ် ဖြစ်လောက်ပါတယ်။ အခု ကိုယ့် အိမ်ထောင်ကို ကိုယ် ဦးစီးရတော့ အလယ်အလတ်တန်းစား ထဲ ရောက်အောင် မနည်း ကြိုးစားနေရပါတယ်။
နောက်တစ်ခုကတော့
ဒီဆောင်းပါးကို ရေးတဲ့အတွက် လူတန်းစားခွဲခြားတာလား၊ အဆင့်ခွဲခြားတာလား ဆိုပြီး
မေးစရာ ရှိပါတယ်။ အဲ့ဒီလို မျိုး ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ဒီဆောင်းပါးလေးကို
ဖတ်မိပြီး သဘောကျမိလို့ စာဖတ်သူတွေကို လည်း ပြန်လည် ဝေမျှချင်တဲ့ ရည်ရွယ်ချက်
သက်သက်ဖြင့်သာ ကိုးကား ရေးလိုက်ခြင်း ဖြစ်ပါတယ်။
Forbes က လုပ်ထားတဲ့
သုတေသနအရ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ အချမ်းသာဆုံး လူ ၄၀၀ ရဲ့ ပိုင်ဆိုင်မှုက အောက်ခြေ လူတန်းစား သန်း ၁၅၀
ရဲ့ ပိုင်ဆိုင်မှုထက် များတယ်လို
့ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာဆိုယင်တော့ ဒီ အချက်အလက်က ဘယ်လို ရှိမလဲ
မသိဘူးနော်။ ဒါဆို အလယ်အလတ် တန်းစားတွေရဲ
့ပိုင်ဆိုင်မှုက ရော ဘယ်လိုလဲ။ စာဖတ်သူအနေနဲ့  အလယ်အလတ် လူတန်းစားထဲမှာ
ပါဝင်နိုင်ပါတယ်။ အရမ်းလည်း မချမ်းသာဘူး၊ အရမ်းလည်း မဆင်းရဲဘူး။ Forbes ရဲ့ တွေ့ ရှိချက်အရ ကမ္ဘာ တလွှားမှာ
အလယ်အလတ်တန်းစားအရေအတွက် က တဖြည်းဖြည်း နည်း လာတယ်လို့ ဆိုထားပါတယ်။ ဒါဆို ဘယ်တွေရောက်ကုန်လဲ။
ချမ်းသာတဲ့ လူတန်းစား ထဲကို ရောက်သွားတာ ရှိမယ်။ ဆင်းရဲ တဲ့လူတန်းစားထဲကို ရောက်သွားတာရှိမယ်။
သင့်အနေနဲ့ ရော ဘယ် ထဲကို ရောက်ချင်သလဲ။
သင့်အနေနဲ့ ချမ်းသာတဲ့
လူတန်းစားထဲကို ရောက်ချင်တယ်ဆိုယင်တော့ အောက်မှာ ရှိတဲ့ အချက် ၁၀ ချက်ကို
ဖတ်ကြည့်လိုက်ပါ။ အဲ…………….အဲ့ဒီ ၁၀ ချက်က ချမ်းသာတဲ့လူတန်းစား ဖြစ်အောင်
သင်ပေးတဲ့အချက် ၁၀ ချက်တော့ မဟုတ်ပါဘူး။ ချမ်းသာတဲ့ လူတန်းစားနဲ့ အလယ်အလတ်
လူတန်းစား ကြားမှာ ကွဲပြားခြားနားတဲ့ အမူအကျင့် အယူအဆ လေးတွေကို ရေးပြထားတာပါ။
မှတ်ချက်။ ။ ဒီမှာ
ဖော်ပြမယ့် ချမ်းသာတဲ့လူတန်းစားဆိုတာ မိဘ ပိုက်ဆံသုံးနေတဲ့ သူဌေးသား၊
သူဌေးသမီးတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်တိုင် စီးပွားရေးလုပ်ကိုင်နေတဲ့
လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ လူချမ်းသာတွေကို ပြောတာပါ။ နောက်ပြီး အကွက်ကောင်းမိလို
့ချမ်းသာလာတဲ့ သူဌေးမျိုး ၊ ဂွင်မိလာတဲ့ ခရိုနီ တွေလို လူစားမျိုးကို မရည်ရွယ်ထားပါဘူး။
၁။ အလယ်အလတ်
လူတန်းစားတွေက သက်သောင့်သက်သာ ဘ၀ကို ကြိုက်တယ်။ ချမ်းသာတဲ့ လူတန်းစားတွေကတော့
ရုန်းကန်ရတာနဲ့  ရင်းနှီးမှုရှိတယ်။
Peter McWiliiams က
ဆိုထားပါတယ်။ ရုန်းကန်ရမှာကို ချစ်မြတ်နိုးပါ။ သက်သောင့်သက်သာ မရှိတဲ့ ဘ၀ကို
သက်သောင့်သက်သာ လက်ခံပါ။ ဒါဟာ ကြမ်းတမ်းပါလိမ့်မယ်။ ဒါပေမယ့် သင့်အိပ်မက်
ပြည့်ဝဖို့ အတွက် ပေးလိုက်ရတဲ့ တန်ဖိုး တစ်ခု ပါပဲ။
Company တစ်ခုရဲ
့ဝန်ထမ်း လုပ်ရတာ ကိုယ်ပိုင် အလုပ်လုပ်ရတာထက် ပိုပြီး သက်သောင့်သက်သာ
ရှိကောင်းရှိပါလိမ့်မယ်။ တစ်ပါးသူတစ်ယောက်အတွက် အလုပ်လုပ်ရတာဟာ လည်း ပိုပြီး
သက်သောင့်သက်သာ ရှိပါလိမ့်မယ်။ လူလတ်တန်းစားတွေစဉ်းစားတာက သက်သောင့်သက်သာ နေလို
့ရနိုင်ခြင်းဟာ ချမ်းသာခြင်းလို့ ယူဆပါလိမ့်မယ်။ ချမ်းသာတဲ့သူတွေ နားလည်တာကတော့
မမျှော်မှန်းနိုင်တဲ့ ချမ်းသာမှုကို ရချင်ယင် ကိုယ့်ကို ကိုယ် ရုန်းကန်ရတဲ့ ဘ၀ မှာ
ဦးစွာ နှစ်မြှပ်သင့်တယ်လို့ ယူဆပါတယ်။
ကိုယ်ပိုင် စီးပွားရေး
တစ်ခု စတော့မယ်ဆိုယင် အခက်အခဲတွေ များမှာပါ။ ရုန်းကန်ရမှာ အပုံအပင်ပါ။ ဒါပေမယ့်
အဲ့ဒီ အခက်အခဲတွေကို ကျော်ဖြတ်လိုက်နိုင်ယင် ချမ်းသာမှုကို ရရှိမှာပါ။
ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်။ ဆုံးရှုံးမှု မရှိဘူးလို့ ဆိုယင် သင်တကယ် အလုပ်မလုပ်သေးလို
့ပါပဲ။
၂။ လူလတ်တန်းစားတွေဟာ
သူတို့ ရှိသင့်တဲ့ အဆင့်ထက် ကျော်ပြီးနေကြပါတယ်။ လူချမ်းသာတွေကတော့ သူတို
့ရှိသင့်တဲ့ အဆင့် အောက်မှာ နေဖို့ ကြိုးစားကြပါတယ်။
လူချမ်းသာတော်တော်များများဟာ
သူတို့ ပိုက်ဆံတွေကို မလိုအပ်ပဲနဲ့ ပကာသန အတွက် အသုံးမပြုပါဘူး။ သူတို့ စီးတဲ့
ကားက နောက်ဆုံးပေါ်ကား ဖြစ်ချင်မှ ဖြစ်မှာပါ။ သူတို့ နေတဲ့ အိမ်ကလည်း သာမန်
သင့်တင့် လျောက်ပတ်တဲ့ အိမ်လေး ဖြစ်ချင်မှ ဖြစ်မှာပါ။ “The Millionaire Next door”
က လုပ်ထားတဲ့ သုတေသနအရ လူချမ်းသာ တော်တော်များများ လက်ရှိစီးနေတဲ့ ကားက
နှစ်အနည်းငယ် ကြာခဲ့ပြီ ဖြစ်တဲ့ မော်ဒယ် ဟောင်းကားများ ဖြစ်ပါတယ်ဆိုတာပါပဲ။
သတိ ချပ်စရာ တစ်ခုကတော့
သင် တစ်နှစ်ကို သိန်း ၂၀၀ ၀င်ပြီး တစ်နှစ်ကို သိန်း ၂၀၀ သုံးလျှင် ဘယ်တော့မှ
လူချမ်းသာ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာပါပဲ။
၃။ အလယ်အလတ်
လူတန်းစားတွေက တခြားသူ ဖောက်ထားတဲ့ လမ်းမှာ တခြားသူတွေနဲ့ တူတူ လျှောက်တယ်။
ချမ်းသာတဲ့သူတွေကတော့ သူတို့ လမ်းသူတို့ ဖောက်ကြတယ်။
Robert Kiyosaki က
ဆိုထားပါတယ်။ လူလတ်တန်းစားတွေ အလုပ်ရှာနေတဲ့ အချိန်မှာ လူချမ်းသာတွေကတော့
အဆက်အသွယ်ကောင်း၊ အခွင့်အလမ်းကောင်းတွေ ရှာနေတယ်။
လူလတ်တန်းစားတွေက တခြား
လူ တစ်ယောက် အတွက် အလုပ်လုပ်ဖို့ စဉ်းစားတယ်။ သူတို့ မှာ အလုပ်ရှိတယ်။ သူတို
့တက်လမ်းအတွက် ကြိုးစားတယ်။
လူချမ်းသာတွေကတော့
ကိုယ်ပိုင်အလုပ် လုပ်ဖို့ ကြိုးစားတယ်။ သူတို့ အလုပ်ပိုင်တယ်။ လူချမ်းသာတွေက သူတို
့အတွက် အလုပ်လုပ်ပေးဖို့ လူတွေ လိုအပ်တယ်ဆိုတာကို နားလည်တယ်။ passive income
ရဲ့  အားကြီးမှုကို လည်း နားလည်တယ်။
passive income ဆိုတာကတော့ ကိုယ့်အတွက် တခြားသူက ပိုက်ဆံရှာဖွေပေးတာပါပဲ။ ဥပမာ
ဝန်ထမ်းတွေက သူဌေးအတွက် ပိုက်ဆံ ရှာပေးရတာမျိုးပေါ့။
၎။ လူလတ်တန်းစားတွေက
လူတိုင်းနဲ့  မိတ်ဖွဲ့ တယ်။ လူချမ်းသာတွေကတော့ မိတ်ဆွေကို
အသိဥာဏ်ရှိစွာရွေးချယ်တယ်။
Warren Buffett က
ဆိုထားပါတယ်။ သင့်ထက်တော်တဲ့ သူတွေနဲ့ လျှောက်လည်ရတာ ပိုပြီး အကျိုးများတယ်။
အလုပ်တစ်ခု လက်တွဲလုပ်မယ်ဆိုလည်း သင့်ထက် တော်တဲ့ သူနဲ့ တွဲလုပ်သင့်တယ်။ ဒါမှ
သင်လည်း သူ အတိုင်းတော်လာမှာ ဖြစ်တယ်။
သင့်ပတ်ဝန်းကျင်မှာ
လူတော်တွေများလျှင် သင်လည်း သူတို့ နည်းတူ တော်လာလိမ့်မယ်လို့ လူချမ်းသာတွေက
လက်ခံကြတယ်။ အဲ့ဒါရဲ့ ဆန့် ကျင်ဘက်ကတော့
သက်သောင့်သက်သာ နေချင်တဲ့သူတွေနဲ့ ပေါင်းလျှင် သင့်ဘ၀ ဟာ လည်း သက်သောင့်သက်သာ
ဖြစ်လာမယ်။ ဒါပေမယ့် ချမ်းသာလာမှာတော့ မဟုတ်ဘူး။
ဘယ်လောက်ထိတောင်
ပြောထားသလဲ ဆိုလျှင် သင့်ရဲ့ ဝင်ငွေဟာ
သင့်သူငယ်ချင်း သုံးယောက်ရဲ့ 
ပျမ်းမျှဝင်ငွေ မျိုး မဖြစ်သင့်ပါဘူးတဲ့။ ဆိုလိုတာက ၀င်ငွေတူတဲ့ လူတွေနဲ
့မပေါင်းပါနဲ့ ပေါ့။ သင့်အနေနဲ့ ဝင်ငွေများချင်လျှင် သင့်ထက် ၀င်ငွေများတဲ့သူနဲ
့ပေါင်းပါ။ လေ့လာပါ။ ဆည်းပူးပါ။ သင်ယူပါ။
သင်ချမ်းသာချင်လျှင်
ချမ်းသာဖို့ စဉ်းစားပါ။
၅။ လူလတ်တန်းစားတွေက
ဝင်ငွေရဖို့ အလုပ်လုပ်တယ်။ ချမ်းသာတဲ့သူတွေကတော့ သင်ယူဖို့ အလုပ်လုပ်တယ်။
Robert Kiyosaki ကပဲ ဆိုထားပါတယ်။
သင် ငယ်သေးတယ်ဆိုလျှင် သင်ယူဖို့ အလုပ်လုပ်ပါ။ ၀င်ငွေရဖို့ အလုပ်မလုပ်ပါနဲ့ ။
လူလတ်တန်းစားတွေအနေနဲ
့တခြား အလုပ် တစ်ခုခု က လစာပိုပေးပြီး ခေါ်လျှင် အဲ့ဒီအလုပ်ကို
ပြောင်းသွားတတ်ကြပါတယ်။ လူချမ်းသာတွေကတော့ ပိုက်ဆံ တစ်ခုတည်း အတွက်
အလုပ်လုပ်တယ်လို့ မယူဆထားပါဘူး။ အထူးသဖြင့် လုပ်ငန်းခွင် စတင်ဝင်ရောက်တဲ့
အချိန်တွေမှာပေါ့။ အဲ့ဒီ အချိန်မျိုးမှာ လုပ်ငန်းခွင် အတွေ့ အကြုံများများ သင်ယူမယ်။
လေ့လာမယ်။ ဆည်းပူးကြမယ်ပေါ့။ ဥပမာ တစ်ချိန်ချိန်မှာ အရောင်း company ကြီးတစ်ခု
ဖွင့်မယ် လို့ စဉ်းစားထားတဲ့ သူဟာ sale man ဘ၀ ကနေ စလျှင် စမှာပါ။ accounting ကို
နားလည်ဖို့ ရာ bank မှာ စာရေးဝင်လုပ်လျှင် လုပ်မှာပါ။ ဒါပေမယ့် မှတ်ထားရမှာကတော့
သင် လခစာ တစ်သက်လုံးလုပ်ရုံနဲ့ တော လူချမ်းသာ မဖြစ်လာနိုင်ပါဘူး။ ဘယ်လောက်
မြင့်တဲ့ လစာ ဖြစ်ဖြစ် လူချမ်းသာ ဖြစ်ဖို့ ခဲယဉ်းမှာပါ။
နောက်တစ်ခုကတော့
ချမ်းသာတဲ့ သူတွေဟာ သူတို့ ဘ၀ အစပိုင်းမှာ ကိုယ်ပိုင် လုပ်ငန်းနဲ့ မစပါဘူး။
အချိန်အတိုင်းအတာ တစ်ခု အထိ သူတို့ ဝင်မယ့် စီးပွားရေးနယ်ပယ်ကို နားလည်
တက်ကျွမ်းအောင် သင်ယူပါတယ်။ network ချဲ့ ပါတယ်။ ပြီးမှ ကိုယ်ပိုင်စီးပွားရေး
အနေနဲ့ ဝင်ပါတယ်။
၆။ လူလတ်တန်းစားတွေမှာ
ပစ္စည်း ရှိတယ်။ လူချမ်းသာတွေမှာ ပိုက်ဆံ ရှိတယ်။
Will Rogers
ကဆိုထားပါတယ်။ လူတော်တော်များများက သူတို့ ရှာဖွေနိုင်တာထက်ကို ပိုပြီး သုံးကြတယ်။
သူတို့ လိုအပ်တာထက်ကို ပိုပြီး ၀ယ်ကြတယ်။ ဘာလို့ လည်းဆိုတော့ သူတို့ မကြိုက်တဲ့
သူတွေ ဆီကနေ အထင်ကြီးမှု ရယူချင်လို့ ပါပဲ။
လူလတ်တန်းစားတော်တော်များများဟာ
ဈေးကြီးတဲ့ကားတွေ၊ အိမ်အကြီးကြီးတွေမှာ နေရတာကို သဘောကျတယ်။ သူတို့ ပိုက်ဆံ
တော်တော်များများကို လည်း အဲ့ဒီအရာတွေ အတွက် သုံးကြပါတယ်။
လူချမ်းသာတွေ
လက်ခံထားတဲ့ အချက်ကတော့ သင်တကယ် ချမ်းသာချင်လျှင် ပစ္စည်းကို လိုချင်မှုထက်
ပိုက်ဆံကို လိုချင်မှုက ပိုရပါမယ်။ Warren Buffett ဆိုယင် ၁၉၅၈ ကတည်းက ၀ယ်ထားတဲ့
အိမ်မှာ နေတုန်းပါပဲ။ အိမ်အကြီးကြီးထပ် မ၀ယ်ပါဘူး။
ဒါကြောင့် ပစ္စည်းတွေ
ဝယ်တာကို ရပ်ပြီး ပိုက်ဆံကို ဘယ်လို စုဆောင်းရမယ်။ ဘယ်လို
ရင်းနှီးမြုပ်နှံရမလဲဆိုတာကို စဉ်းစားရပါမယ်။ စုဆောင်းရုံနဲ့ မလုံလောက်ပါဘူး။
ရင်းနှီးမြုပ်နှံ ဖို့ လိုအပ်ပါတယ်။
၇။ လူလတ်တန်းစားတွေက
ပိုက်ဆံ စုဖို့ ကို အာရုံထားတယ်။ လူချမ်းသာတွေကတော့ ပိုက်ဆံ ၀င်ဖို့ ကို
အာရုံထားတယ်။
Brain Tracy က
ဆိုထားပါတယ်။ သင့်ရဲ့ အကောင်းဆုံးသော
အရည်အချင်းက သင်ရဲ့ ပိုက်ဆံ
ရှာနိုင်မှုပါပဲ။ သင့်ရဲ့ အကောင်းဆုံး
ကုန်ကြမ်းကတော့ သင့် ရဲ့ အချိန်ပါပဲ။
Benjamin Franklin
ကလည်း ဆိုထားပါသေးတယ်။ သင် ချမ်းသာချင်တယ်ဆိုလျှင် ပိုက်ဆံ စုဖို့ လည်း စဉ်းစားပါ။
အဲ့လိုပဲ ပိုက်ဆံ ရဖို့ လည်း စဉ်းစားပါ။
ပိုက်ဆံ စုဆောင်းတာ
အရေးကြီးတဲ့ အရာပါ။ ဒါပေမယ့် ရင်းနှီးမြုပ်နှံတာက ပိုပြီး အရေးကြီးပါတယ်။ ဒါပေမယ့်
အဲ့ဒီ ၂ ခု စလုံးရဲ့  အခြေခံ အုတ်မြစ်ကတော့ ပိုက်ဆံ ရှာတာပါပဲ။
ရင်းနှီးမြုပ်နှံရုံနဲ့ မလုံလောက်တော့ပါဘူး။ ၀င်ငွေကို တစ်စ ထက် တစ်စ တိုးလာအောင်
ကြိုးစားရမှာပါ။
သင်တကယ်ချမ်းသာချင်တယ်ဆိုလျှင်
သင့်ရဲ့ စုဆောင်းနိုင်မှု စွမ်းရည်ထက် ပိုက်ဆံ ရှာနိုင်မှု စွမ်းရည်ကို
တိုးလာအောင် ကြိုးစားပါ။
၈။ လူလတ်တန်းစားတွေက
ပိုက်ဆံနဲ့ ပက်သက်ပြီး စိတ်လှုပ်ရှားတယ်။
ချမ်းသာတဲ့ သူတွေကတော့ ပိုက်ဆံနဲ့ ပက်သက်ပြီး စဉ်းစားဆင်ခြင်နိုင်တယ်။
Steve Siebold က နှစ်၃၀
အတွင်း အချမ်းသာဆုံး လူ အယောက် ၁၂၀၀ ရဲ့  ပိုက်ဆံ အပေါ်ထားရှိတဲ့ အမြင်တွေကို
အင်တာဗျူးလုပ်ခဲ့တယ်။ ကွဲပြားခြားနားတဲ့ အတွေးအမြင် ၁၀၀ ကျော်လောက်ထွက်လာတယ်။ အဲဒီ
အမြင်ကို လူလတ်တန်းစားတွေ ရဲ့ အမြင်နဲ
့နှိုင်းယှဉ်ကြည့်တယ်။ သိသိသာသာ ထူးခြားတဲ့ ကွားခြားချက်ကတော့ လူလတ်တန်းစားတွေက
ပိုက်ဆံကို စိတ်လှုပ်ရှားတဲ့ အမြင်နဲ့ မြင်တယ်။ လူချမ်းသာတွေကတော့ ပိုက်ဆံကို
သဘာဝကျကျ စဉ်းစားဆင်ခြင်သုံးသပ်ပြီးမြင်တယ်။ လူလတ်တန်းစားတွေက စိတ်လှုပ်ရှားမှုနဲ
့ဆုံးဖြတ်တဲ့အတွက် တစ်ခါ တစ်ရံမှာ အရှုံးများသွားနိုင်တယ်။ လူလိမ်ခံရနိုင်တယ်။
လူချမ်းသာတွေကတော့ အမြတ် အရမ်းများမယ်လို့ ဆွဲဆောင်နေလျှင်တောင်
သေချာစဉ်းစားချင့်ချိန်သုံးသပ်ပြီးမှ အလုပ်လုပ်တယ်။
ဒါကြောင့်
စီးပွားရေးလုပ်မယ်ဆိုလျှင် စိတ်လှုပ်ရှားမှုကို ထားခဲ့ပါ။ စဉ်းစားချင့်ချိန်
နိုင်မှုကို ယူခဲ့ပါ။
၉။ လူလတ်တန်းစားတွေက
သူတို့ ရဲ့ အရည်အချင်း လုပ်ဆောင်နိုင်မှု
အပေါ် ယုံကြည်မှု နည်းတယ်။ ချမ်းသာတဲ့ သူတွေကတော့ ကြီးမားတဲ့ မျှော်လင့်ချက်တွေ၊
goal တွေထားတယ်။
Bo Jackson က
ဆိုထားပါတယ်။ ပန်းတိုင်ကို မြင့်မြင့်မှန်းပါ။ ပန်းတိုင်မရောက်မခြင်း မရပ်ပါနဲ့ ။
လူလတ်တန်းစားတွေလည်း
ပန်းတိုင်ထားတတ်ပါတယ်။ မျှော်လင့်ချက်ထားတတ်ပါတယ်။ ဒါပေမယ့် ချမ်းသာတဲ့
သူတွေထားတာနဲ့ ကွာခြားနေသေးတယ်။ လူလတ်တန်းစားတွေ ထားတဲ့ ပန်းတိုင်က အလွယ်တကူ
ရရှိနိုင်တဲ့ ပန်းတိုင် ဖြစ်နေပါတယ်။ ချမ်းသာတဲ့ သူတွေထားတဲ့ ပန်းတိုင်ကတော့
မဖြစ်နိုင်တဲ့ ပန်းတိုင်၊ ရူးတယ်လို့ ယူဆနိုင်တယ် ပန်းတိုင်မျိုးပါ။ ဒါပေမယ့်
သူတို့ ကိုယ် သူတို ယုံကြည်မှု ရှိပါတယ်။ အဲ့ဒီ ပန်းတိုင်ကို ရောက်အောင် ဘယ်လို
လုပ်ရမယ်ဆိုတာ နားလည်ပါတယ်။
၁၀။ လူလတ်တန်းစားတွေက
အလုပ်ကြိုးစားတယ်။ ချမ်းသာတဲ့ သူတွေကတော့ ခိုင်းစားတတ်တယ်။
အလုပ်ကြိုစားတာက
ကောင်းပါတယ်။ လိုလည်း လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာက အလုပ်ကြိုးစားတိုင်း
မချမ်းသာနိုင်ပါဘူး။ အရာအားလုံး သင်တစ်ယောက်တည်း ကြိုးစားလုပ်မယ်လို
့မဖြစ်နိုင်ပါဘူး။ ရှိပြီးသား resource တွေကို အသုံးချတတ်ရပါမယ်။ ဥပမာ အလုပ်သမားခေါ်ယူဖို
့အတွက် သင်ကိုယ်တိုင် CV form စု၊ သင်ကိုယ်တိုင် အင်တာဗျူးခေါ်စရာမလိုပဲ
recruitment agency ကို အပ်လိုက်လို့ ရပါတယ်။ သင့်အလုပ်ရဲ့  တချို
့လုပ်ငန်းဆောင်တာတွေကို outsource လုပ်လိုက်လို့ ရပါတယ်။ ဒါဆိုလျှင်တော့ သင်မှာ
အချိန်တွေ ပိုထွက်လာပြီး တခြား ပိုက်ဆံ ၀င်စရာ ကိစ္စတွေကို
အချိန်ပိုပေးလာနိုင်ပါလိမ့်မယ်။
အပေါ်မှာ ရေးခဲ့တဲ့
အချက်တွေကတော့ ချမ်းသာတဲ့သူတွေနဲ့ လူလတ်တန်းစားတွေ ကြားမှာ ရှိတဲ့
ကွားခြားချက်တွေပါပဲ။ တချို့ အချက်တွေကလည်း သိသိသာသာ ကွားခြားချင်မှ
ကွားခြားမှာပါ။
နောက်ဆုံးပြောချင်တဲ့
စကားတစ်ခုကတော့ သင့်အနေနဲ့ ချမ်းသာတဲ့ သူတစ်ယောက် ဖြစ်ချင်လျှင်
လူချမ်းသာတစ်ယောက်လို တွေးပါ၊ လူချမ်းသာတစ်ယောက်လို ကြိုးစားကျင့်ကြံပါ ဆိုတာပါပဲ။
မှတ်ချက်။ ။
ဒီဆောင်းပါးက အမေရိကန်မှာ ရှိတဲ့
လူချမ်းသာတွေရဲ
့အမူအကျင့်အတွေးခေါ်တွေပေါ်မူတည်ပြီး ရေးသားထားတာပါ။ နိုင်ငံပေါ်လိုက်ပြီး
အမူအကျင့်အတွေးအခေါ်တွေ ကွာခြားကောင်း ကွားခြားနိုင်ပါတယ် ခင်ဗျာ။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect
Myanmar)
Lifehacker webpage မှ
10 main difference between the rich and middle class people ကို ကိုးကားထားပါတယ်။
Comments
Post a Comment