လက်တွေ့ အသုံးချ Leadership (ခေါင်းဆောင်မှု)။
လက်တွေ့ အသုံးချ
Leadership (ခေါင်းဆောင်မှု)။
ဒီနေ့ တော့ leader တစ်ယောက်
ဖြစ်လာခဲ့လို့ ရှိလျှင် ရှိရမယ့် တကယ်လည်း လက်တွေ့ ကျတဲ့ အချက်လေးတွေကို ပြောပြချင်ပါတယ်။
ကျွန်တော်တို့ leader leader နဲ့ ပြောနေကြတာ၊ တစ်ခါတစ်လေ နားလည်မှုလွဲနေတတ်ပါတယ်။
Leader လို့ ဆိုလိုက်ယင် နောက်လိုက်တွေ ရှိမှ leader၊ ကိုယ်က ရာထူးရာခံ ရှိမှ
leader လို့ ထင်ကြတယ်။ တကယ်တော့ leader ဆိုတာ ဘယ် နေရာမှာ မဆို ရှိနိုင်ပါတယ်။ မိသားစုထဲမှာလဲ
ရှိနိုင်တယ်။ မိသားစု ကို ဦးဆောင်နိုင်တဲ့သူက အကြီးဆုံးသားလည်း ဖြစ်ယင် ဖြစ်မယ်။ သမီးအလတ်လည်း
ဖြစ်ယင် ဖြစ်မှာပဲ။ ဖခင်ကိုယ်တိုင်လည်း ဖြစ်ယင် ဖြစ်မှာပဲ။ သူငယ်ချင်းအဖွဲ့ ထဲမှာလည်း
leader ရှိနိုင်တာပဲ။ တစ်ခုခု ဆိုယင် စုစုစည်းစည်း ဦးဆောင်နိုင်ပြီး လမ်းပြပေးနိုင်မယ့်သူကို
တခြား သူငယ်ချင်းတွေက အလိုလို အားကိုး လာကြမှာပဲ။ အဲ့ဒီလို ပဲ အလုပ်က လုပ်ဖော်ကိုင်ဖက်
ရာထူးတူတူထဲမှာလဲ ကိုယ် က leader ဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ မှာ အလုပ်မှာ မန်နေဂျာ
ရာထူးနဲ့ အထက်မှာ တစ်ယောက် ရှိနေပေမယ့် တကယ့် leader က ကိုယ့်လုပ်ဖော်ကိုင်ဖက်ထဲမှာ
ရှိနေနိုင်တယ်။ တစ်ခါတစ်ရံ မန်နေဂျာကတောင် အဲ့ဒီ leader ကို အားကိုးပြီး တခြား ၀န်ထမ်းတွေနဲ
့အဆင်ပြေပြေလုပ်ကိုင်နိုင်အောင် အကူအညီ ရယူတာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် အခု
ပြောပြမယ့် leadership အရည်အချင်းတွေကို နောက်လိုက်ငယ်သားတွေ ရှိလာမှ၊ ကိုယ်က မန်နေဂျာကြီးဖြစ်လာမှ
သုံးမယ်လို့ မစဉ်းစားပါနဲ့ ။ မိမိ အိမ်မှာလည်း သုံးလို့ ရတယ်။ သူငယ်ချင်းတွေနဲ့ လည်း
သုံးလို့ ရတယ်။ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ လည်း သုံးလို့ ရတယ်။ ကျောင်းမှာလည်း သုံးလို
့ရပါတယ်။
အိုကေ…ဒါဆိုယင် အဲ့ဒီ အချက်တွေက
ဘာတွေလည်း ဆိုတာကြည့်ကြရအောင်။
၁။ ယုံကြည်မှု (Trust)
ပထမဆုံးအချက်ကတော့ ယုံကြည်မှုပါပဲ။
ခေါင်းဆောင်နဲ့ အဖွဲ့ ဝင်တွေ ကြားမှာ ယုံကြည်မှု ရှိရပါမယ်။ ယုံကြည်မှု ဆိုတာ မရှိခဲ့ယင်
ဘယ်လုပ်ငန်းမှ အောင်အောင် မြင်မြင် မဆောင်ရွက်နိုင်ပါဘူး။ ဒါဆိုယင် ဘယ်လို ယုံကြည်မှုရအောင်
တည်ဆောင်ကြမလဲ။ ခက်တော့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့ ရအောင်ယူမယ်လို့ ယုံကြည်ချက်ရှိယင်
အောင်မြင်မှာပါ။
ပထမဦးဆုံးလုပ်ရမှာကတော့
သင့်ရဲ့  team member တွေနဲ့ စကားပြောပါ။ အချိန်ပေးပါ။
သူတို သင့် အပေါ်နားလည်လာအောင်ကြိုးစားပါ။ သင့် အနေနဲ့ လည်း သူတို့ အပေါ်နားလည်အောင်ကြိုးစားရပါမယ်။
အလုပ်နဲ့ ပက်သက်တဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင် ရှင်းပြပါ။ အခက်အခဲ
ရှိယင်လဲ အဲ့ဒီအကြောင်းကို တိုင်ပင်ဆွေးနွေးကြပါ။ team member တွေ အနေနဲ့ လုပ်ရမယ့်
အလုပ်အကြောင်းကို ပွင့်ပွင့်လင်းလင်း နားလည် သဘောပေါက်လာယင် ပိုပြီးလုပ်ရတာ လွယ်ကူလာပါလိမ့်မယ်။
အုပ်စုလိုက်လည်း စကားပြောပေးပါ။
တစ်ဦးချင်းစီကိုလည်း စကားပြောပေးပါ။ အုပ်စုလိုက် စကားပြောတဲ့အခါမှ သတိထားရမှာက လူအများရှေ
့ မှာ team member တစ်ယောက်ကို အပြစ်တင် စကားမဆိုမိပါစေနဲ့ ။ တကယ်လို့ ပြောချင်ယင်
တစ်ဦးချင်းခေါ်ပြောပါ။
Team member တွေထဲမှာ တစ်ခါတစ်ရံ
အမှားလုပ်မိတာရှိပါလိမ့်မယ်။ သင့်ကို လာပြီး အမှားဝန်ခံတဲ့အခါမှ အရမ်းစိတ်တိုသွားတာ၊
အော်လိုက်မိတာတွေ မလုပ်မိပါစေနဲ့ ။ အဲ့ဒါဆိုယင် နောက်ပိုင်း သင့်ကို လာပြီး ပွင့်ပွင့်လင်းလင်းပြောတော
့မှာ မဟုတ်ပါဘူး။ ဘယ်သောအခါမှ လူတစ်ယောက်ရဲ
့အားနည်းချက်၊ ထိခိုက်လွယ်တဲ့အချက်တွေကို ပြောပြီး မဆူပါနဲ့ ။ လူအများရှေ့ မှာလည်း
မပြောမိပါစေနဲ့ ။
နောက်တစ်ခုကတော့ သင့် ရဲ့  team member တွေ စိတ်ထဲမှာ ရှိနေရမယ့် သင့်ရဲ့  position က သင့်အနေနဲ့ သူတို့ ကို အုပ်ချုပ်ခိုင်းစေဖို
့လာတာမဟုတ်ဘူး။ သူတို့ ကို ကူညီပြီး သူတို့ နဲ့ အတူတူလုပ်ကိုင်ပြီး ရည်ရွယ်ချက်တွေကို
ပြီးမြောက်အောင်မြင်ဖို့ လာတယ်လို့ ခံယူနေပါစေ။
အဲ့ဒါဆိုယင်တော့ ယုံကြည်ချက်အပြင်
leadership အတွက် အရေးကြီးတဲ့ လေးစားမှု (Respect)ကို ပါ သင်ရရှိပါလိမ့်မယ်။
၂။လေးစားမှု Respect
ကျွန်တော် ဟိုတစ်နေ့ က
ရေးထားသလိုပါပဲ။ လေးစားမှုဆိုတာ လုပ်ယူလို့ မရပါဘူး။ တချို့ တချို့ သော လူတွေက ရာထူးရာခံရလာလို
့ရှိယင် role နဲ့ respect ကို ပါရအောင် အတင်း လုပ်တတ်ကြပါတယ်။ကိုယ့်ကို လေးစားလာအောင်
ကိုယ်တော်တဲ့အချက်တွေကို သိအောင် လုပ်တယ်။ နေရာတကာ ဆရာဝင်လုပ်တယ်။ အဲ့လိုနဲ့ ပညာဂုဏ်မောက်သလို
ဖြစ်လာတယ်။ leader မဟုတ်တော့ပဲ ဆရာကြီးဖြစ်လာတယ်။ လေးစားမှုတော့ မရနိုင်တော့ဘူး။ နောက်ကွယ်မှာ
ဟားခံရမှုတွေ ရလာမယ်။
တကယ်တော့ ကိုယ့်ကို လေးစားမှုလိုချင်ယင်
အယင်ဆုံးကိုယ်ရဲ့ လေးစားမှုကို သူတို့ ကို
အယင် ပေးရပါမယ်။ team member တွေ အားလုံး အသက်အရွယ်၊ ပညာအရည်အချင်း မခွဲခြားပဲ လေးလေးစားစားဆက်ဆံဖို
့လိုတယ်။ သူတို့ ရဲ့ လုပ်ရည်ကိုင်ရည်၊ဆုံးဖြတ်မှု၊ အောင်မြင်မှုတွေကို လေးစားရပါမယ်။
တကယ်လို့ team member ထဲမှာ လုပ်ရည်ကိုင်ရည် မဖော်ပြနိုင်သူ ရှိပါကလည်း သူလုပ်နိုင်တယ်ဆိုတာ သိလာ အောင်လည်း တစ်ခါတစ်ရံ လွယ်ကူတဲ့ လုပ်ငန်းလေးတွေကို
တာဝန်ပေးပါ။ သူအောင်အောင် မြင်မြင် လုပ်လာနိုင်ယင် လေးလေးစားစား ချီးကျူးလိုက်ပါ။
ဘယ်သော အခါမှ team
member တွေရဲ့ အောင်မြင်မှု ရလဒ်တွေကို မိမိက
ခေါင်းပုံဖြတ်ပြီး မိမိ အောင်မြင်မှု မိမိ ရလဒ် အနေနဲ့ မသုံးလိုက်ပါနဲ့ ။ သင့်အပေါ်
လေးစားမှု ဘယ်သော အခါမှ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
သင့် အနေနဲ့ အကူအညီလိုယင်လည်း
team member တွေဆီက တောင်းပါ။ အကြံဥာဏ်ယူပါ။ သူတို့ ပေးတဲ့ အကြံဥာဏ် အတိုင်းသင်လုပ်တယ်ဆိုတာကို
လည်း သူတို့ သိပါစေ။
ဘယ်သော အခါမှ သင့် ရဲ့ team member တွေ နာမည်ပျက်စေမယ့်၊ အရှက်ရစေမယ့်
အကြောင်းတွေကို မလုပ်မိပါစေနဲ့ ။
၃။ ခင်မင်မှုနဲ့ အလုပ်ခွဲခြားပါ။
တစ်ခါတစ်ရံ သင့်ရဲ့  team member တွေထဲမှာ သင်နဲ့ ခင်မင်တဲ့သူ သင့်ရဲ့ သူငယ်ချင်းတွေ ပါနိုင်ပါတယ်။ အဲ့ဒီအခါမှာလည်း ခင်မင်မှုနဲ
့အလုပ်ခွဲခြားပါ။ အပြင်မှာ သူငယ်ချင်းပေါင်းတဲ့အခါပေါင်းပါ။
အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက်
အတွင်းသိ အဆင်းသိဖြစ်လို့ လေးစားချင်မှ လေးစားပါမယ်။ ဒါပေမယ့် အလုပ်ခွင်ထဲ ရောက်ယင်တော့
လေးလေးစားစားဆက်ဆံပါ။ ဘယ်တော့ မှ အပြင်က ကိစ္စ တွေကို အလုပ်ခွင်ထဲ မယူလာပါနဲ့ ။ ကျန်တဲ့
team member တွေနဲ့ သာတူညီမျှ ဆက်ဆံပါ။
၎။ အဖွဲ့ အတွင်း ပျော်ရွှင်စရာ
ဖြစ်အောင် ဖန်တီးပါ။
အဖွဲ့ ဝင်တွေနဲ့ တွဲလုပ်ရတာကို
သင် ကိုယ်တိုင် ကျေနပ်မှု ရှိပါစေ။ ပျော်ရွှင်မှု ရှိပါစေ။
အရေးကြီးတာကတော့ သင့် အဖွဲ
့ဝင်တွေကိုလည်း အလုပ်ခွင်မှု ပျော်ရွှင်စွာလုပ်နိုင်အောင် ဖန်တီးပေးပါ။ ပျော်ရွှင်ရမယ်ဆိုလို
့ဟာသတွေပြောခိုင်းနေတာ မဟုတ်ပါဘူး။ အလုပ်ခွင်ကို စိတ်ပျက်စရာ ပျင်းစရာ မဖြစ်အောင် လုပ်ခိုင်းတာပါ။
အဖွဲ့ ဝင်တိုင်းက မနက်မိုးလင်းတာနဲ့ စိတ်လှုပ်ရှားစွာနဲ့ လာချင်စဖွယ် ဖြစ်အောင် အလုပ်ခွင်ကို
ဖန်တီးပါ။ မိမိ တစ်ရက် မလာလိုက်လို့ ရှိယင် ဘာ စိတ်လှုပ်ရှားဖွယ်ရာတွေ ပျော်ရွှင်ဖွယ်ရာတွေ
တိုးတက်ဖွယ်ရာတွေ လွတ်သွားမလဲ ဆိုတဲ့ အတွေးမျိုး ဖြစ်နေတဲ့ လုပ်ငန်းခွင် ဖြစ်အောင်
ဖန်တီးပါ။
၅။ လူသား ပီသပါ။
သင်ဆက်ဆံနေရာတာတွေ အားလုံးဟာ
စက်ရုပ်တွေ မဟုတ်ပါဘူး။ လူသားတွေကြီးပါပဲ။ အဲ့ဒီအတွက် သင့်ရဲ့  leadership style က လူသားပီသပါစေ။ တစ်ဦးတစ်ယောက်
အခက်အခဲ တွေ့ ယင် လူသား တစ်ယောက်အနေနဲ့ စဉ်းစားပါ။ စက်ရုပ်တစ်ရုပ်လို့ မစဉ်းစားပါနဲ
့။အဲ့ဒါဆိုယင် ဖြေရှင်းရပိုလွယ်ကူပါလိမ့်မယ်။
ဥပမာ။ ၀န်ထမ်းတစ်ယောက် ခဏခဏ
ရုံးနောက်ကျတယ်ဆိုပါစို့ ။ အဲ့ဒီအတွက် သူ့ ကို ရုံးနောက် မကျအောင် အိမ်က စောစောထွက်ပါလို
့မပြောခင်မှာ ဘာလို့ နောက်ကျရတာလဲ ဆိုတာကို အယင် စုံစမ်းပါ။ ဘာလို့ စောစော မထွက်နိုင်ရတာလဲ
ဆိုတဲ့ အကြောင်းကို စုံစမ်းပါ။ အိမ်မှာ ကလေးအငယ် ရှိလို့ လား။ မိဘတွေကို ထမင်းဟင်းချက်ပေးခဲ့ရလို
့လား။ အဲ့ဒါတွေ သိပြီး မှ ဘယ်လို ဖြေရှင်းမလဲဆိုတာကို စဉ်းစားပါ။
မိမိကိုယ်တိုင်လည်း လူသားဆန်စွာနေပါ။
မိမိ က အမှားလုပ်မိခဲ့ယင် ၀န်ခံပါ။ တောင်းပန်ပါ။ တောင်းပန်စကား ဆိုရမှာကို မကြောက်ရွံ
့ ပါနဲ့ ။ မရှက်ပါနဲ့ ။
၆။ အပြောင်းအလဲကို ကိုင်တွယ်
တတ်ပါစေ။
ဥပမာ အလုပ်ခွင်မှာ အပြောင်းအလဲ
တစ်ခု လုပ်ရမယ်။ တော်တော် များများ ၀န်ထမ်းတွေက အဲ့ဒီအပြောင်းအလဲကို မကြိုက်ဘူး။ အဲ့ဒီအခါမှာ
ဝန်ထမ်းထဲက ပဲ အပြောင်းအလဲကို ကြိုက်တဲ့ မိမိနဲ့ သဘောတူတဲ့ လူတစ်ယောက် နှစ်ယောက်ကို
ရှာပါ။ ပြီးယင် သူ တို့ ကို ကျန်တဲ့ ၀န်ထမ်းတွေကို နားလည်လာအောင် ဖျောင်းဖျ နားချခိုင်းပါ။
အချိန်လည်းပေးပါ။ အဲ့ဒါဆိုယင် အပြောင်းအလဲကို လက်ခံလာပါလိမ့်မယ်။
ရ။ မိမိ ရာထူးတိုးတက်ခြင်းကို
team member တွေ နားလည်နိုင်ပါစေ။
တကယ်လို့ သင့်အနေနဲ့  ဒီအဖွဲ
အစည်းထဲမှာပဲ ရာထူးတိုးတက်သွားတယ်။ ပြီးတော့ အယင်တူတူလုပ်ကိုင်ခဲ့တဲ့ သူတွေကို ပြန်ပြီး
စီမံခန့် ခွဲ ရမယ့် ရာထူးရသွားတယ်။
အဲ့ဒီအခါမှ team member
တွေ ကို သင်ဘာကြောင့် ရာထူးတိုးခံရတယ်၊ ဘာကြောင့်ရွေးချယ်ခံရတယ်ဆိုတာကို သိရှိအောင်လုပ်ပေးပါ။
(မှတ်ချက်။ ။ သင်က ပေးကမ်း ပေါင်းသင်းပြီး ရာထူးတက်တာဆိုယင်တော့ သိပ်မလွယ်ပါဘူး)။ သင့်အနေနဲ
့တခြားသူတွေထက် တော်လို့ စွမ်းဆောင်ရည် ရှိလို့ တိုးတက်သွားတာ ဆိုယင်တော့ အဲ့ဒါတွေကို
သင့် team member တွေ သိပါစေ။ သိပါစေလို့ ပြောတဲ့အတွက် သူတို့ ကို ခေါ်ပြီး ပြောခိုင်းတာမဟုတ်ပါဘူး။
သူတို့ မြင်လာအောင် နားလည်လာအောင် ကြိုးစားပါ၊ သင့်ရဲ့ အရည်အချင်းတွေကို ပြပါ။ အဲ့ဒီအခါဆိုယင် “အော်..သူက
ငါတို့ ထက်ဒီနေရာမှာ ပိုတော်လို့  ပိုပြီးနားလည်လို့ ဒီရာထူးကို ရသွားတာပါလား” ဆိုပြီး
နားလည်လာပါလိမ့်မယ်။ အဲ့ဒီအခါမှာ သင့်ရဲ့ စီမံခန်
့ခွဲမှုကို လက်ခံလာပါလိမ့်မယ်။ သင့်ကို လည်း သူတို့ ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ လက်ခံလာပါလိမ့်မယ်။
သူတို့ အနေနဲ့ လည်း သင့်ကို စံနမူနာယူပြီး ကြိုးစားလာပါလိမ့်မယ်။
၈။ စိတ်ခွန်အား တိုးတက်အောင်
လုပ်ပေးပါ။
ဒါကတော့ အခက်ဆုံးအပိုင်းပါပဲ။
ကိုယ့်ရဲ့  team ကို motivate လုပ်ဖို့ ဆိုတာ
တော်တော်ခက်ပါတယ်။ ဒါပေမယ့် အပေါ်က ပြောခဲ့တဲ့အချက်တွေကို သင်ကောင်းကောင်းလုပ်နာနိုင်ပြီးဆိုယင်တော့
team ရဲ့ motivation စိတ်ခွန်အားတွေ၊ စိတ်အားထက်သန်မှုတွေက
အလိုလို တက်လာမှာပါ။
လစာတိုးပေးရုံနဲ
့motivate မဖြစ်ပါဘူး။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေပေးပါ၊ Challenge ဖြစ်တဲ့ တာဝန်တွေပေးပါ။
အောင်အောင်မြင်မြင် လုပ်ဆောင်လာနိုင်ယင် ချီးမြှောက်ပါ။ တိုးတက်ရာတိုးတက်ကြောင်း နည်းလမ်းပြပေးပါ။
သူတို့ ရဲ့  career path ကို အကြံပေးပါ။ နားလည်းပြီး
ညွှန်ပြပေးပါ။ သူတို့ career path နဲ့  ကိုက်ညီမယ့်တာဝန်တွေ၊ အတွေ့ အကြုံတွေ ရရှိနိုင်အောင်
အကူအညီပေး ပံ့ပိုးပေးပါ။ ဒါဆိုယင်တော့ team ရဲ
့ motivate က တတ်လာပါလိမ့်မယ်။
နောက်ဆုံးအကြံပေးချင်တာကတော
့ဘယ်သော အခါမှ သူတစ်ပါးရဲ့  နောက်ကွယ်မှာ မကောင်းကြောင်းမပြောမိပါစေနဲ့ ။ Team
member အချင်းချင်းကြား တစ်ယောက်မကောင်းကြောင်း ကို နောက်တစ်ယောက်ကို မပြောမိပါစေနဲ
့။
တကယ်လို့ သင်က အရမ်းကိုတော်ပြီး
ထက်မြတ်တဲ့ တက်ကြွတဲ့သူဖြစ်နေယင် သင့် team member တွေထဲမှာ ပျင်းရိတဲ့သူ၊ ရေသာခိုချင်သူ
ရှိပါက သတိထားပါ။ ထိုသူတွေက သင့်ရဲ့ တက်ကြွမှုကို
အပြစ်မြင်လာနိုင်ပါတယ်။
ဘယ်သောအခါမှ team
member တွေရဲ့ အောင်မြင်မှုကို ကိုယ်တစ်ဦးတစ်ယောက်ထဲ
မခံစားလိုက်ပါနဲ့ ။ တူတူ ညီတူညီမျှ ခံစားကြပါ။ အခက်အခဲကိုလည်း ညီတူညီမျှ ဝေခွဲပြီး
တာဝန်ယူချင်စိတ် ရှိအောင် လုပ်ပါ။
Team member တွေကို ဘယ်သော
အခါမှ သံသယ စိတ်နဲ့ မဆက်ဆံပါနဲ့ ။ team member တွေက သင့်ကို ကျောသွားမှာ၊ ကျော်တတ်သွားမှာ
ဆိုတဲ့ သံသယ စိတ်မထားပါနဲ့ ။ ပြီးတော့ သူတို့ ကို သင့်ရဲ့  ပြိုင်ဖက်တစ်ယောက်လို မဆက်ဆံပါနဲ့ ။ စိတ်ထဲက
ပြိုင်ဖက်အနေနဲ့ သတ်မှတ်ယင် သတ်မှတ်ထားပါ။ ဒါပေမယ့် အပြင်ကို ထွက်မလာပါစေနဲ့ ။
အဲ့ဒီအတိုင်းဆောင်ရွက်နိုင်မယ်ဆိုယင်တော့
သင့် အနေနဲ့ သင့်ရဲ့  team ကို အောင်အောင်မြင်မြင်နဲ
့ဦးဆောင်နိုင်တဲ့ leader ကောင်းတစ်ယောက် ဖြစ်လာဖို့ အရည်အသွေးတွေ ရှိလာနိုင်မှာဖြစ်ပါတယ်။
စာဖတ်သူအားလုံး “One
Team, One Dream” ဆိုတဲ့ team လေးကို ဦးဆောင်နိုင်ပါစေ။
(မှတ်ချက်။ ။ ကျွန်တော့်အနေနဲ
့ Team ကို ပဲ ဦးတည်ပြီးရေးသွားပါတယ်။ တကယ်တော့ ဒီအချက်တွေကို team ကို စီမံရာမှာတင်မကပါဘူး
မိမိ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပဲ ဖြစ်ဖြစ် သုံးလို့ ရပါတယ်၊ အဲ့ဒါဆိုယင်တော့
သင့်အနေနဲ့ မိသားစုထဲမှာပဲ ဖြစ်ဖြစ် သူငယ်ချင်း အုပ်စုတွေထဲမှာပဲ ဖြစ်ဖြစ် leader
ကောင်း တစ်ယောက် ဖြစ်လာမှာပါ)
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect
Myanmar)
Nicolas Vanerio ရဲ့  Practical leadership, bringing theory to
reality မှ ကိုးကားထားပါတယ်။

Comments
Post a Comment