သိထားသင့်သော Body Language (သို့ ) အသံတိတ်ဆက်သွယ်မှုများ
သုတေသနတွေ အရ ကျွန်တော်တို့ တွေ နေ့ တဓူဝ တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံဆက်သွယ်နေကြတဲ့အခါ မှာ ၈၀ ရာခိုင်နှုန်းသော ဆက်သွယ်မှုတွေဟာ စကားသံက သွားတာမဟုတ်ပဲ အသံတိတ်ဆက်သွယ်မှု (သို့ ) Body Language က သွားတာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြောလိုက်လို့ တစ်ချိန်လုံး လက်ဟန်ခြေဟန်ပြပြီး ဆက်သွယ်နေတယ်လို့ မထင်လိုက်ပါနဲ့ ။ ကိစ္စ တော်တော်များများ မှာ လက်ဟန်ခြေဟန် ပြတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းကနေ ဖော်ပြ လိုက်တဲ့ အရာက နားထောင်တဲ့သူကို တစ်စုံတစ်ခု နားလည် သွားစေတာပါ။ အလွယ်ဆုံး ဥပမာက တော့ ခေါင်းငြိမ့်တာ။ ခေါင်းခါတာ၊ မျက်မှောင်ကြုတ် တာမျိုးတွေပါ။ ဒါတွေကတော့ ကျွန်တော်တို့ တွေ လွယ်လွယ်ကူယူနားလည်နိုင်တဲ့ body language တွေပါ။ ဒါတောင် နေရာဒေသ လူမျိုးပေါ်လိုက်ပြီး ကွာခြားနိုင်ပါသေးတယ်။ တချို့ နိုင်ငံတွေမှာ ခေါင်းခါတာ (ခေါင်းကို ဘယ်ယိမ်းညာယိမ်း ယိမ်းတာ) ဟာ သဘောတူ တာကို ပြပါတယ်။
၈၀
ရာခိုင်နှုန်းကြီးများတောင် ရှိတာ ဆိုတော့ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ
သင့်အနေနဲ့  တစ်ဖက်က ဘယ်လို
ဆိုလိုတယ်ဆိုတာကို ပိုပြီး နားလည်နိုင်မယ်။ အခြေအနေအမှန်ကို သုံးသပ်နိုင်မှာပါ။
တစ်ခါတစ်ရံ တဖက်ကသူက ပါးစပ်ကတော့ အဆင်ပြေပါတယ် လို့ ပြောနေတာ ရှိယင်ရှိမယ်။
တကယ့်စိတ်ထဲမှာတော့ အဆင်မပြေတာတွေ ရှိနေမယ်။ အဲ့ဒီ အဆင်မပြေမှုက body language အနေနဲ
့ဖော်ပြနေတာရှိတတ်ပါတယ်။ အဲ့ဒါကို သင့်အနေနဲ့  သိဖို့ လိုတယ်။
နောက်တစ်ခုကတော့
လူတစ်ယောက်ရဲ့  body language ဆိုတာ
လိမ်ရခက်ပါတယ်။ အတုလုပ်ရလည်း ခက်ပါတယ်။ ပါးစပ်က ဘယ်လောက် လိမ်လိမ် body language က
လိမ်လို့ မရပါဘူး။ တစ်နေရာ မဟုတ် တစ်နေရာမှာ ပေါ်တတ်ပါတယ်။ လုံးဝ လိမ်လို
့မရဘူးလားဆိုယင်တော့ လုံးဝ မရတာတော့ မဟုတ်ပါဘူး။ သေချာ လေ့ကျင့်ယင်တော့ ရပါမယ်။
တချို့ နိုင်ငံရေးသမားတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေက သူတို့ ရဲ့  body language ကို သေချာ လေ့ကျင့်ပါတယ်။
အတုလုပ်နိုင်အောင်လဲ ကြိုးစားတယ်။ ဒါပေမယ့် ဘယ်လောက် လိမ်လိမ် အသေးစား body
language လေးတွေ ရှိပါတယ်။ တစ်ခါတစ်ရံ ဒီတိုင်းကြည့်နေယင် သတိမထားမိနိုင်တဲ့
အသေးစား micro body language လေးတွေပါ။ အဲ့ဒါတွေကိုလည်း နိုင်ငံရေးသမားတွေ အနေနဲ့ 
သူတို့ စကားပြောတာတွေကို သေချာ မှတ်တမ်းတင်ထားပြီး ပြန်လေ့လာ ပြန်လည် သုံးသပ်
လေ့ကျင့်ပါတယ်။ နောက်တစ်ခုကတော့ သူတို့ လိမ်တဲ့အခါ ဘယ်လို ဖြစ်တတ်လဲဆိုတာကို သေချာ
လေ့လာတယ်။ ပြီးယင် အဲ့ဒါကို မလုပ်ဖြစ်အောင် လေ့ကျင့်တယ်။ အကျင့်ကို ဖျောက်ပစ်တယ်။
ဥပမာ တစ်ချို့ လူတွေက လိမ်ပြောပြီဆိုယင် ပါးစပ်ကို လက်နဲ့ ကာတတ်တယ်။ အဲ့ဒါမျိုးကို
မဖြစ်အောင် လေ့ကျင့်ကြတယ်။ ကျွန်တော်ကတော့ လိမ်ပြောပြီဆိုယင် နားရွက်တွေနီလာတယ်။
အဲ့ဒါကျတော့ ဘယ်လို ပြင်ရမလဲ မသိပါဘူးဗျာ………တော်တော်ခက်လှပါတယ်။
ကဲ..ဒါဆိုယင်
အသုံးများတဲ့ body language တွေကို ပြောပြချင်ပါတယ်။ သိပြိးသားတွေလည်း ဖြစ်ယင်
ဖြစ်မှာပါ။ ဒီ အသုံးများတဲ့ ဟာတွေကို သိထားခြင်းအားဖြင့် လူတစ်ယောက်နဲ့ တစ်ယောက်
ဆက်ဆံရေးမှာ ပိုပြီး လွယ်ကူစေနိုင်မှာပါ။
၁။ လက်ပိုက် ထားသော
အနေအထား။
လက်တံနှစ်ဖက်စလုံးကို
ရင်ဘက်အောက်ပိုင်း ဒါမှ မဟုတ် ဗိုက် အပေါ် ပိုင်းနေရာမှာ ပိုက်ထားတယ်။ တစ်ခါတစ်လေ
လက်တွေက လက်မောင်းနေရာကိုတောင် ကိုင်ထားလိုက်သေးတယ်။
ပုံမှန် ပြောရယင်တော့
ဒီ အနေအထားဟာ သက်တောင့်သက်သာ ရှိတဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် လူအတော်များများ
ဟာ အနားယူတဲ့အချိန် ဥပမာ ရထားပေါ်မှာပဲဖြစ်ဖြစ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ဒီလို
လက်ပိုက်ပြီး ထိုင်နေလို့ ရှိပါတယ်။
ဒါပေမယ့် စကားပြော
နေတဲ့အချိန် တစ်ယောက်ယောက်နဲ့ ဆက်ဆံနေတဲ့အချိန်မှာ ဒီလို အနေအထား
ရှိပြီးဆိုယင်တော့ ဒါက ဒီလူမှာ စိတ်အနှောက့်အယှက် တစ်စုံတစ်ရာ ရှိနေပြီလို့ ယူဆလို
့ရပါတယ်။
အဲ့ဒါ အပြင်
လက်ပိုက်ထားတဲ့ပုံစံက ရင်ဘက်ပေါ်မှာ ကပ်ရုံလေးပဲ ကပ်ထားမယ်၊ ပုခုံးကို အနည်းငယ်
ပင့်ပြီး ရှေ့ ဘက်ကို အနည်းငယ် တွန်းထုတ်ထားမယ်၊ လက်နှစ်ဖက်ကလည်း လက်မောင်းအောက်
ဖက်မှာ ရောက်နေမယ်ဆိုယင်တော့ ဒီလူမှာ လက်မခံမှု၊ သဘောမတူညီမှု၊ ဆန့် ကျင်လို
မှုတွေ ရှိနေပါပြီ။ (ဒီပုံစံက ကိုယ်ရံတော်တွေ၊ အစောင့်တွေ လက်ပိုက်ရပ်နေတဲ့
ပုံစံမျိုးနည်းနည်း ပေါက်ပါမယ်)
ဒါပေမယ့် သတိထားရမှာ
တစ်ခုကတော့ ရာသီဥတု အရမ်းအေးနေလို့ ဒီလူချမ်းနေလာဆိုတာကိုတော့ သတိထားရပါ့မယ်။
ရာသီဥတုအေးတဲ့အချိန် ဥပမာ အဲကွန်းခန်းထဲမှာဆိုယင်လည်း ဒီလို လက်ပိုက်ထားတတ်ပါတယ်။ ဒါပေမယ့်သေချာကြည့်ယင်
သိပါတယ်။ ချမ်းလို့ ပိုက်တာလား။ သဘောမတူလို့ ပိုက်တာလားဆိုတာကို ခွဲလို
့ရနိုင်ပါတယ်။
၂။ ခန္ဓာကိုယ်
လှုပ်ရှားမှု (Body Shift)
အချိန်အတိုင်းအတာတစ်ခု
အတွင်း ဥပမာ အစည်းအဝေး အတွင်း၊ ဒါမှမဟုတ် သင်နဲ့ စကားပြောနေတဲ့အချိန်အတွင်း ခန္ဓာကိုယ်
အနေအထား အမျိုးမျိုး ပြောင်းလဲခြင်း ကို ဆိုလိုပါတယ်။ ဒါပေမယ့် အရင်ဆုံး
သိထားရမှာကတော့ ဒီလူမှာ ခါးနာရောဂါ ဒါမှမဟုတ် အခြား နာကျင်မှု တစ်ခုခု ရှိနေလို
့ခဏခဏ ပြောင်းနေတာလားဆိုတာကို သိထားရပါမယ်။
ဘာမှ မရှိပဲ
ပြောင်းနေတာဆိုယင်တော့ သူ စိတ်ထဲမှာ တစ်ခုခု ဖြစ်နေလို့ ပါပဲ။
ရုတ်တရက်ကြီးပြောင်းလိုက်တာဆိုယင်တော့
သင်ပြောနေတာကို တစ်ခုခု ထောက်ပြချင်တာလား၊ အချက်ပေးတာလား၊ သင်ပြောနေတာ မဟုတ်ပဲ
သင်တို့ က တူတူနားထောင်နေတာဆိုလည်း သင် သူ့ ကို သတိပြုမိအောင် အချက်ပေးတာလား လို
့ယူဆနိုင်ပါတယ်။
ဒါမှ မဟုတ်ပဲ
ဖြည်းဖြည်းချင်း ပြောင်းနေတယ်၊ ဒါပေမယ့် အာရုံစူးစိုက်မှုကတော့ ကောင်းနေတယ်ဆိုယင်
သူ့ စိတ်ထဲမှာ စိတ်လှုပ်ရှားစရာ၊ ဒါမှ မဟုတ်ကြောက်စရာ တစ်ခုခု ဖြစ်ပေါ်လာလို့ ပါပဲ။
ဒါမှမဟုတ်လည်း အခန်းထဲမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်တာမျိုး ဥပမာ
သူဌေးရောက်လာတာမျိုး ဆိုယင် အဲ့လိုမျိုး ပြောင်းတတ်ပါတယ်။
နောက်တစ်ခုကတော့
သိသိသာသာ လှုပ်ရှားနေတာပါ။ မျိုးစုံလှုပ်ရှားနေမယ်။ လက်လည်း အငြိမ်မနေဘူးဆိုယင်တော့
ဒါက သင်ပြောနေတာကို စိတ်မ၀င်စားတာ။ ဆွေးနွေးမှုအပေါ်မှာ အာရုံမရှိတာလို့ သတ်မှတ်လို
့ရပါတယ်။
၃။
မျက်ခုံးပင့်ခြင်း
မျက်လုံးပြုးတာ
မဟုတ်ပါဘူး။ မျက်ခုံးကို ပင့်လိုက်တာပါ။
အဲ့ဒါကတော့
ဘာကို ပြလဲဆိုယင် ထိုသူ့ စိတ်ထဲမှာ မသေချာမရေရာမှု၊ မယုံကြည်မှု၊ အံ့သြမှု တွေကို
ပြပါတယ်။
တစ်ခါတစ်ရံ
မျက်ခုံးပင့်တာကို တခြား မျက်နှာအမူအရာတွေနဲ့  တွဲပြီး တွေ့ ရတတ်ပါတယ်။ ဥပမာ
မျက်နှာ ကပြနေတဲ့ အမူအရာကို ပိုပြီးလေးနက်လာစေချင်ယင် မျက်ခုံးကို ပင့်တတ်ပါတယ်။
ဥပမာ ပြုံးနေယင်းနဲ့ မျက်ခုံးပင့်ပြတာမျိုးပါ။
နောက်တစ်ခုကတော့
တစ်ယောက်ယောက်ကို အမိန့် ပေးတဲ့အချိန်၊ ခိုင်းတဲ့အချိန်၊ ဒါမှ မဟုတ် အရေးကြီးတဲ့
စကားပြောတဲ့ အချိန်မှာ မျက်ခုံးပင့်တတ်ပါတယ်။
အင်္ဂလိပ်စာမှာ “xxxx”
ရှိပါတယ်။ အထူးပြုချင်တဲ့အရာကို “ ပြပြီး အထူးပြုသလိုပေါ့။ အဲဒီလို ပဲ ကို
တစ်စုံတစ်ရာကို အထူးပြုပြောတဲ့အချိန်မှာ မျက်ခုံးက ပင့်သွားတတ်ပါတယ်။
၎။ အောက်ဖက်သို
့ငုံ့ ကြည့်ခြင်း
၂ မျိုး
ကြည့်နိုင်ပါတယ်။ ခေါင်းကို မငုံ့ ပဲ မျက်လုံးကပဲ အောက်ဖက်ကို ကြည့်တာနဲ့ 
ခေါင်းကို အနည်းငယ် ငုံ့ ပြီး အောက်ကို ကြည့်နေတာပါ။
ဒီ လက္ခဏာကတော့
ဘာကို ဖော်ပြလဲဆိုယင်တော့ ရင်မဆိုင်ရဲတာ၊ အနိုင်ယူခံလိုက်ရတာကို ဖော်ပြပါတယ်။
ရှက်တာ၊ လူတောမတိုးရဲတာ၊ စိတ်အားငယ်တာ ကိုလည်း ဖော်ပြပါတယ်။
တစ်ခါတစ်လေမှာတော့
လိမ်ညာမှုကို ဖုံးကွယ်နိုင်အောင် အဲ့ဒီလို ပုံစံမျိုးဖော်ပြတာလည်း ရှိတတ်ပါတယ်။
.
၅။ ခေါင်းမော့
မေးငေါ့ခြင်း
မြန်မာလိုပြောရယင်တော့
မျက်နှာကို ချီနေတာပဲ ဆိုပြီး ပြောလို့ ရပါတယ်။ ခေါင်းကို အနည်းငယ် နောက်ကို
လှန်ထားမယ် (အနည်းငယ်ပါ)။ မေးကို အနည်းငယ် ငေါ့ထားမယ်။
ဒီ ပုံစံကတော့
အထက်စီးကနေ ဆက်ဆံချင်တာ၊ မာနကြီးတာ၊ မောက်မာတာ ပုံစံပေါက်ပါတယ်။ ဒါက ဒီအတိုင်း
နေနေတဲ့အချိန်မှာပါ။
စကားပြောဆိုနေတဲ့အချိန်
ဆက်ဆံနေတဲ့အချိန်မှာ ဒီလိုပုံစံမျိုး ဆက်ခါ ဆက်ခါ လုပ်လာပြီးဆိုယင်တော့ အပေါ်စီးကနေ
အနိုင်ရချင်တာ၊ လွှမ်းမိုးချင်တာ၊ မိမိ စကားကို လက်မခံချင်တာကို ပြပါတယ်။
၆။
နှုတ်ခမ်းကို တိတိရိရိ စိထားခြင်း
ဒါကတော့
အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို တင်းတင်းရိရိ စိလိုက်တဲ့ ပုံစံပါ။ ဒါကတော့
ဘာကို ပြလဲဆိုယင် သင်ပြောလိုက်တာကို သူ့ ဘက်က သဘောမတူနိုင်ကြောင်း၊ သူ့ ဘက်က
ပြန်လည်သုံးသပ်နေကြောင်းကို ပြတာပါ။
မျက်မှောက်ကြုတ်
တာ နဲ့ လည်းတွဲ ပြတတ်ပါတယ်။
၇။
နှုတ်ခမ်းကို တစ်ခုခု ဖြင့်ထိခြင်း။
လက်နဲ
့ပဲဖြစ်ပါစေ၊ ခဲတံ ဘောပင် ထိပ်နဲ့ ပဲ ဖြစ်ပါစေ နှုတ်ခမ်းကို ထိထားတာပါ။ ဒါကတော့
ဘာကို ပြသလဲဆိုယင် ထိုသူရဲ့  စိတ်ထဲမှာ
အတွေးအမျိုးမျိုးပေါ်နေမယ်၊ စိတ်ရှုပ်နေမယ်၊ ပျင်းရိတာလဲ ဖြစ်နိုင်တယ်။
စိတ်လှုပ်ရှားတာလဲ ဖြစ်နိုင်မယ်၊ ကြောက်တာလဲ ဖြစ်နိုင်ပါတယ်။
တစ်ခါတစ်ရံမှာတော
့ထိုသူက သင့်အား တစ်စုံတစ်ရာ အသိပေးအချက်ပြချင်တာလဲ ဖြစ်နိုင်ပါတယ်။
နောက်တစ်ခု
ဖြစ်နိုင်တာကတော့  တစ်စုံတစ်ခု ကို အပြင်းအထန် စဉ်းစားရပြီးဆိုတဲ့အခါမှာ မသိစိတ်က
လက်မကိုက်တာပဲ ဖြစ်ဖြစ်၊ ခဲတံကို ကိုက်လိုက်မိတာပဲ ဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဥပမာ
အင်တာဗျုးအတွင်းမှာပေါ့။
.
၈။
နှုတ်ခမ်းစူ ခြင်း
ကောင်မလေးတွေ
စိတ်ကောက်လို့ နှုတ်ခမ်းစူတာကို ပြောတာမဟုတ်ပါဘူး။
ဒီ
နှုတ်ခမ်းစူတာကတော့ အောက်နှုတ်ခမ်းကို နည်းနည်း ရှေ့ ကို နည်းနည်းတွန်းပြီး
အပေါ်နှုတ်ခမ်းကို ပါ တွန်းတင်ထားသလို ဆူတာပါ။
အဲ့ဒါကတော့
ဘာကို ပြသလဲ ဆိုယင်တော့ စိတ်ပျက်မှု၊ ၀မ်းနည်းမှု ၊ မသေချာ မရေရာမှုတွေကို ပြပါတယ်။
ကလေးတွေမှာ အပြများပြီး လူကြီးမှာ ပြယင်တော့ ဒီ အပြုအမူဟာ ကလေး
ဆန်တဲ့အပြုအမူအဖြစ်မြင်နိုင်ပါတယ်။
၉။
ပုခုံးပင့်တင်ခြင်း။
တစ်ခုခုကို
အရှုံးပေးလိုက်တယ်၊ လက်ခံလိုက်တယ် ဆိုတာကို ပြပါတယ်။ ဒါပေမယ့် မသေချာမှု ကို လည်း
ပြတတ်ပါတယ်။ အဖြေ မသိလို့ အရှုံးပေးလိုက်တဲ့ အပြုအမူမျိုးပေါ့။
တစ်ခါတစ်ရံမှာတော့
လူတစ်ယောက် လိမ်တာ ကို ပေါ်စေတာ ဒီအပြုအမူပါ။ ပါးစပ်ကတော့ Yes လို့ ပြောလိုက်မယ်။
ဒါပေမယ့် ပုခုံးပါတွန့် လိုက်မယ်ဆိုယင်တော့ သူ့ ပြောတဲ့ Yes နောက်မှာ မသေချာမှု
လိမ်ညာမှု ရှိနေနိုင်ပါတယ်။
၁၀။
လည်ချောင်းရှင်းခြင်း။ ချောင်းဟန့် ခြင်း။
အစည်းအဝေးတစ်ခုမှာ
ဆွေးနွေးနေကြတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ကြားဖြတ်ပြောချင်တာဖြစ်ဖြစ်
အာရုံစူးစိုက်မှု ခံစေချင်တာဖြစ်ဖြစ် ချောင်းဟန့် တဲ့ပုံစံ လည်ချောင်းရှင်းတဲ့
ပုံစံ လုပ်တတ်ပါတယ်။ အဟမ်းအဟမ်းပေါ့။ အဲ့ဒါဆိုယင်တော့ သူပြောမယ့်စကားတွေဟာ
သဘောမတူညီတဲ့အကြောင်းဖြစ်ဖို့ များပါတယ်။ စကားပြောနေတဲ့သူကို စိန်ခေါ်စေမယ့်
စကားမျိုးလည်းဖြစ်လောက်ပါတယ်။
ပြောနေတုန်း
ချောင်းဟန့် တာဆိုယင်တော့ ဒီလူရဲ့ စကား ထဲမှာ
မသေချာမရေရာမှုတွေများနေတယ်လို့ ယူဆနိုင်ပါတယ်။
နေမကောင်းလို
့ချောင်းဆိုး နေတာလားဆိုတာကိုတော့ သတိထား ခွဲခြားတတ်ဖို့ လိုပါလိမ့်မယ်။
နိဂုံးချုပ်ရယင်တော့
ဒါတွေက အတွေ့ များတတ်တဲ့ body language တွေပါ။ ဒီထက်များတဲ့ အကြောင်းအရာတွေ လည်း
ရှိပါသေးတယ်။ လူပေါ်မှာမူတည်ပြီး နေရာဒေသပေါ်မှာ မူတည်ပြီး ပြောင်းလဲမှုတွေလည်း
ရှိပါတယ်။
ဒါတွေကို သိထားယင် ဘာအကျိုးရှိမလဲဆိုတော့ သင်နဲ့ ဆက်ဆံနေတဲ့
တစ်ဖက်ကလူ ရဲ့  အတွင်းစိတ်ကို
သိရှိနိုင်ပါတယ်။ အဲ့ဒီအခါမှ သင့်အနေနဲ့ ဆက်ဆံမှု ပုံစံပြောင်းသင့်လား၊
အဆင်ပြေနေပြီလား၊ ပိုဆိုးလာနိုင်လား ဆိုတာကို သိရှိနိုင်ပါတယ်။ နောက်တစ်ခုကတော့
တစ်ဖက်ကလူ မိမိ ကို အချက်ပြချင်တာလား။ သတိပေးချင်တာလားဆိုတာကို သိရှိနိုင်ပါတယ်။
ချက်ချင်း လေ့လာဖို
့တော့ ခက်ခဲပါ့မယ်။ အချိန်ပေးပြီး လေ့လာယင်တော့ အဆင်ပြေလာပါလိမ့်မယ်။ ဒါအပြင်
သင်ကိုယ်တိုင်လည်း ပြန်လည် သုံးသပ်နိုင်ပါတယ်။ သင့်အနေနဲ့ ဘယ်လို body language
တွေ သုံးတတ်တယ်။ သုံးသင့်လား မသုံးသင့်ဘူးလားဆိုတာကို သုံးသပ်နိုင်ပါတယ်။
စာဖတ်သူအားလုံး
လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိကြပါစေ။
ကိုဟိန်း (Prospect
Myanmar)
Jon Warner ရဲ့  10 body languages signals every needs to
know နဲ့  Allan Pease ရဲ့  How to read
other’s body language မှ ကိုးကားထားပါတယ်။
Comments
Post a Comment