သစ်ခုတ်သမား ပုံပြင်
တစ်ခါက
ခွန်အား သန်စွမ်းပြီး သစ်ခုတ်ရာမှာ ကျွမ်းကျင်တဲ့ သစ်ခုတ်သမား တစ်ယောက်ရှိတယ်။ တစ်နေ
့တော့ သူက သစ်ဆိုင် ပိုင်ရှင်တစ်ယောက်ဆီသွားပြီး အလုပ်သွားတောင်းသတဲ့။ သစ်ဆိုင်ပိုင်ရှင်ကလည်း
သစ်ခုတ်သမား အလုပ်လုပ်တာ တော်တဲ့အကြောင်းကြားထားတဲ့အတွက် တစ်ခါတည်း လစာ ကောင်းကောင်းနဲ
့အလုပ်ခန့် လိုက်သတဲ့။
သစ်ခုတ်သမားလည်း
ကျေနပ်ပျော်ရွှင်သွားပြီး နောက်တစ်နေ့ က စလို့ တောထဲ သွားပြီး သစ်ခုတ်ပါတယ်။ သူက သစ်ခုတ်တဲ့အခါ
မှာ ပုဆိန်ကို သုံးပါတယ်။ ပထမဦးဆုံးနေ့ မှာ တင် သစ်လုံးပေါင်း ၁၇ လုံးကို ခုတ်ယူလာနိုင်ပါတယ်။
သစ်ဆိုင်ပိုင်ရှင်ကလည်း အရမ်းသဘောကျသွားပြီး သစ်ခုတ်သမားကို ချီးကျူးပါတယ်။ သစ်ခုတ်သမားကိုယ်တိုင်ကလည်း
ကိုယ့် အလုပ်အပေါ်ကို ကိုယ် ကျေနပ်သွားမိသတဲ့။
နောက်တစ်နေ
့ရောက်တော့ သစ်ခုတ်သမားက အယင်နေ့ ကထက် ပိုပြီးကြိုးကြိုးစားစား သစ်ခုတ်သတဲ့။ ဒါပေမယ့်
အဲ့ဒီ နေ့ မှာတော့ သစ်လုံးက ၁၅ လုံးပဲ ရပါတယ်။ တတိယနေ့ ကျတော့ အယင်နေ့ က သစ်လုံး နည်းထားတဲ့
အတွက် အစွမ်းကုန် ကြိုးစားပြန်တယ်။ ဒါပေမယ့် အဲ့ဒီနေ့ ရဲ့  ရလဒ်ကတော့ သစ်လုံး ၁၀ လုံးပဲ ရပါတယ်။ ဒီလို နဲ
့နေ့ စဉ်နဲ့ အမျှ ရတဲ့ သစ်တွေ ကနည်းလားတယ်။
ဒါနဲ
့သစ်ခုတ် သမားလည်း ငါတော့ အားအင်တွေ ကုန်ခမ်းကုန်ပြီး အယင်လို အလုပ် မလုပ်နိုင်တော့ဘူးလား
ဆိုပြီး စိတ်ပျက်လက်ပျက် ဖြစ်လာမိပါတယ်။ သစ်ဆိုင်ပိုင်ရှင်ကိုလည်း သွားပြီး တောင်းပန်စကား
သွားပြောပါတယ်။
အဲ့ဒီ
အခါမှာ သစ်ဆိုင် ပိုင်ရှင်က “ မင်း ရဲ့  ပုဆိန်ကို
နောက်ဆုံး သွေးထားတာ ဘယ်တုန်းကလဲ “ လို့ မေးလိုက်ပါတယ်။
အဲ့ဒီအခါမှာ
သစ်ခုတ်သမားက “ ငါ့မှာ သစ်ပင်တွေကို ကြိုးစား
ခုတ်နေရတဲ့ အတွက် ပုဆိန်ကို သွေးဖို့  အချိန်မရှိဘူး” လို့ ပြန်ပြောလိုက်ပါတယ်။
ပုံပြင်လေးကတော့
ဒီလောက်ပါပဲ။
ဒီပုံပြင်ကနေ
ရလိုက်တဲ့ သင်ခန်းစာကတော့
ကျွန်တော်တို
့တွေ ရဲ့  ဘ၀မှာ အလုပ်တွေ များလွန်းလို့ ဆိုပြီး
တစ်ခါတစ်ရံ ပုဆိန်ကို မသွေးဖြစ်ကြပါဘူး။
အခု
ခေတ်မှာ လူတွေ ဟာ အလုပ်တွေ တစ်နေ့ ထက် တစ်နေ့ ပိုများလာတယ်။ ကြီးပွားတိုးတက်မှုနောက်
ဝင်ငွေနောက်ကို လိုက်လာကြတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အမြဲတမ်း ထက် နေဖို့ ၊ ကိုယ်ခွန်အား
စိုက်ထုတ် သလောက် အကျိုး ရှိစေဖို့ ရာ အချိန်ပေး ဖို့ မေ့နေတတ်ကြပါတယ်။
တစ်ခါ
တစ်ရံ အဲ့ဒီလို အရေးကြီးတဲ့ အရာတွေကို မေ့သွားတဲ့ အခါ မှာ ကိုယ် ကြိုးစားနေတဲ့ အရာတွေဟာ
ကြိုးစားသလောက် အရာမရောက် ဖြစ်လာတတ်တယ်။ အပေါ်က ပုံပြင်လေးထဲကလို ပဲ ကြိုးစား အားထုတ်ပြီး
သစ်ခုတ်ပေးမယ့် ပုဆိန်က တုံးနေတာကြောင့် ရသင့်သလောက် မရတော့ပါဘူး။
ဒါကြောင့်မို
့လို့ ဒီပုံပြင်လေးကို ဖတ်ပြီးဒါနဲ့ သင့်ကိုယ်သင် ပြန်စဉ်းစားကြည့်ပါ။ သင့်အနေနဲ့ ပုဆိန်သွေးဖို
့လိုပြီလား။ သွေးဖို့ မေ့နေတာကြာပြီလား…လို့ ပြန် မေးကြည့်လိုက်ပါ။
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း
(Prospect Myanmar)

Comments
Post a Comment