အလုပ်မထွက်ခင် စဉ်းစားရမည့် အချက် (၅) ချက်
ဒီနေ့ တော့ ဟိုတစ်နေ
့ကရေးခဲ့တဲ့ လခစား ၀န်ထမ်းအလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ တိုက်တွန်းထားတဲ့
ဆောင်းပါးနဲ့ ဆန့် ကျင်ဘက်ကို ရေးပါမယ်။ အဲ… ဆန့် ကျင်ဘက်လို့ တော့
လုံးလုံးလျားလျား ပြောလို့ မရပြန်ပါဘူး။
ကဲ..ဒါဆို ဒီလို
ပြောကြည့်ရအောင်။ ၀န်ထမ်း ဘ၀ကို တော့ စွန့် လွှတ်ချင်နေပြီ။ ဒါပေမယ့် အလုပ်ထွက်
သင့်ပြီလား၊ ဒါမှ မဟုတ်လဲ လစာ ကောင်းတဲ့ အခြားအလုပ် ပြောင်းချင်နေလား ဆိုတဲ့ အတွေး
ရှိသူတွေအတွက် သင့်တော်မယ်ထင်လို့ ရေးလိုက်ပါတယ်။
သင့်အနေနဲ့ ယခုလက်
ရှိအလုပ်မှာ မပျော်ရွှင်ဘူးဆိုယင်တော့ အလုပ်ထွက်လိုက်တာက အကောင်းဆုံး
ရွေးချယ်မှုပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာ အရာ အားလုံးကို ထည့်သွင်း မစဉ်းစားပဲ
ဆုံးဖြတ်ချက်ကို မြန်မြန် ချလိုက်မိတဲ့အတွက် အလုပ်ထွက်လိုက်မိပြီးမှ
ဆုံးရှံးမှုတွေ ဖြစ်လာ စရာ ရှိပါတယ်။ ဒါဆို အလုပ် မထွက် ခင် ဘာတွေ သေချာ
စဉ်းစားသင့်တယ် ဆိုတာကို အောက်မှာ လေ့လာကြည့်ရအောင်။
၁။ အလုပ်ထွက်ပြီး
နောက်ပိုင်း ကာလ ကို ကြိုတင် မစီမံထားခြင်း။
ဘာမှ ကြိုတင် မစီမံထားပဲ
အလုပ် ထွက်လိုက်ခြင်းသည် သင့်အတွက် အကြီးမားဆုံးသော
မှားယွင်းမှုကြီးဖြစ်သွားနိုင်သည်။ သင့်အနေနဲ့ အလုပ်ထွက်ပြီး နောက်ဝင်ငွေရသည့်
အလုပ် မရခင် စပ်ကြားတွင် နေထိုင်စားသောက်မှု အတွက် သင့်တင့်သော စုဆောင်းမှု
ရှိရမည်။ နောက်အလုပ်တစ်ခုကို ချက်ချင်းရနိုင်တယ် ဟူသော ယူဆချက်ဖြင့်
အလုပ်ထွက်ပြီးကာမှ နောက် အလုပ် တစ်ခု မရလျှင် သင်နှင့် သင့်မိသားစု ၏
စားဝတ်နေရေးကို ထိခိုက်လာနိုင်ပါတယ်။
ဒါကြောင့်
အလုပ်မထွက်ခင် ပထမဦးဆုံးစဉ်းစားရမှာက အလုပ်သစ် မရခင် စပ်ကြားကာလအတွက်
ဖြည့်ဆည်းပေးနိုင်မည့် ငွေပမာဏ အလုံအလောက် ရှိရဲ့  လားဆိုတာ ပါပဲ။
၂။ လက်ရှိ
အလုပ်လုပ်နေသော သူများ အား ၀န်ထမ်းရွေးချယ်သူများက ပို၍ ရွေးချယ်လာခြင်း
ယခုနောက်ပိုင်းတွင်
ဝန်ထမ်းရွေးချယ်သူများနှင့် အလုပ်ရှင်များက အလုပ်အကိုင် လက်ကိုင်ရှိသူ များကို
ပိုပြီး ရွေးချယ်လာကြပါတယ်။ တစ်ခါတစ်ရံ သင့်အနေနဲ့ အလုပ်လုပ်နေယင်းနဲ့ အခြား
company တစ်ခုကနေ လာပြီးဆက်သွယ်တာမျိုးအထိ ရှိတတ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ
့အလုပ်လက်မဲ့ ကာလ ကြာလေလေ နောက် အလုပ်ထပ်ရဖို့ ရာ ခက်ခဲလေလေ ဖြစ်လာတတ်ပါတယ်။
နောက်တစ်ခုကတော့
အင်တာဗျူးမှာ ယခု လက်ရှိ အလုပ် မရှိဘူးလို့ ပြောလိုက်ယင် ကိုယ့်အပေါ် impression
ကျသွားတတ်ပါတယ်။
၃။ အဖွဲ
့အစည်းတစ်ခုအတွင်း ရာထူး အဆင့်ဆင့်တက်ခြင်းက
အလုပ်တစ်ခုမှ တစ်ခု သို့ ပြောင်းခြင်းထက် ပို၍ ကောင်းမွန်ခြင်း။
အဖွဲ
့အစည်းတော်တော်များများ က မိမိ အဖွဲ့ အစည်းပေါ်တွင် သစ္စာ ရှိပြီး
ရေရှည်လုပ်ကိုင်သော ၀န်ထမ်းများကို ဆုချမှုများ ရာထူးတိုးပေးမှုများ
ရှိလာတတ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ယခု လက်ရှိ အလုပ်မှာ ရာထူးတိုးဖို
့မျှော်လင့်ချက် ရှိတယ်ဆိုယင် အခြား အလုပ်တစ်ခု ပြောင်း ၍ လုပ်ခြင်းထက် ယခု လက်ရှိ
အလုပ်မှာ ပဲ ဆက်ပြီး လုပ်တာ က ပိုအကျိုးရှိမှာပါ။
အဖွဲ့ အစည်း တစ်ခုမှာ
အချိန်အသင့်အတင့်လုပ်ပြီး မှ ရာထူးတိုးတာကို မစောင့်ပဲ နောက် အလုပ် တစ်ခု ကို
ပြောင်းခဲ့မယ်ဆိုယင် သင့်ရဲ့  CV/Resume
မှာ ရာထူးတိုးတဲ့ အကြောင်းအရာတွေ၊ လစာတိုးတဲ့ အကြောင်းအရာတွေ ဖော်ပြနိုင်တော့ခြင်း
ရှိတော့ မှာ မဟုတ်ပါဘူး။ အဲ့ဒီ အချက်က ကိုယ့်ရဲ
့လုပ်ဆောင်နိုင်မှု စွမ်းရည်ကို လည်း သံသယ ရှိစေနိုင်ပါတယ်။
ကျွန်တော့် ကိုယ်တွေ
့ပါ။ အင်မတန့်  အင်မတန် အတွေ့ အကြုံရှိတဲ့ International HR professional
တစ်ယောက်နဲ့ တွဲပြီး နိုင်ငံတကာ က အလုပ်လျှောက်သူတွေရဲ့  CV/Resume တွေကို ရွေးချယ်ဖူးပါတယ်။
အဲ့ဒီအချိန်မှာ သူ့ ဆီကနေ အရမ်းတန်ဖိုးရှိတဲ့ အတွေ့ အကြုံတစ်ခု ရလိုက်ပါတယ်။
CV/Resume မှာပါတဲ့
အလုပ် အကိုင် ရာဇ၀င်ကို သေချာ စစ်ဆေးပါတယ်။ တစ်နှစ်လောက် အလုပ် မလုပ်ပဲ
လစ်ဟနေတာရှိလား။ အလုပ်တစ်ခု အချိန် ကြာကြာလုပ်ရဲ
့လား ဆိုတာကြည့်ပါတယ်။ ၄-၅ နှစ်လောက်အတွင်း အလုပ် ၃-၄ ခုလောက်ပြောင်းထားတဲ့
သူဆိုယင် ဘယ်လောက် ပညာအရည်အချင်း ရှိရှိ အင်တာဗျူးတောင် မရွေးပါဘူး။
၎။ အလုပ်ထွက်မယ်လို့ 
စီစဉ်လိုက်ခြင်းက အလုပ်တကယ်ထွက်လိုက်တာထက် ညှိနှိုင်းမှုမှာ ပိုပြီး အဆင်ပြေပါတယ်။
တကယ်လို့ သင့်အနေနဲ
့အလုပ်ထွက်မယ်လို့ စီစဉ်လိုက်ယင် တစ်ခါတစ်ရံ ထိုသတင်းက အလုပ်ရှင်တွေကြားပျံ့ နှံ့  သွားတတ်ပါတယ်။ အဲ့ဒီအခါမှာ
သင့်ထွက်သွားမှာကို မလိုလားတဲ့ အလုပ်ရှင်တွေ က သင်နဲ့ ညှိနှိုင်းမှုတွေ
ရှိလာနိုင်ပါတယ်။ အဲ့ဒီလိုပဲ အလုပ်အသစ် သွားလျှောက်လို့  သင့်ကို အလုပ်သစ်က
သဘောကျပြီးဆိုယင်လည်း ကိုယ့်မှာ
လက်ရှိအလုပ်ရှိနေသေးတဲ့အတွက် ညှိနှိုင်းရတဲ့ နေရာမှာ အပေါ်စီးရနိုင်ပါတယ်။
အဲ့ဒီလို မဟုတ်ပဲ
စိတ်လိုက်မာန်ပါနဲ့ အလုပ်ထွက်မိလိုက်ယင် အပေါ်စီး ရနိုင်တဲ့ မိမိ ရဲ့ 
အခွင့်အရေးတွေ ဆုံးရှူံး သွားနိုင်ပါတယ်။
၅။ အလုပ်အသစ်တိုင်းသည်
အခု အလုပ်ထက် ကောင်းတယ်လို့ အမြဲ မမျှော်လင့်ပါနဲ့ ။
သင့်အနေနဲ့ ကတော့
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး အလုပ်အသစ်ပြောင်းတာပါပဲ။ ဒါပေမယ့်
သေချင်တဲ့ ကျား
တောပြောင်းဆိုတာလဲ ရှိပါတယ်။ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုး
ဆိုတာလဲ ရှိပါတယ်။ လက်ရှိ Boss ကို မကြိုက်တဲ့ အတွက် အလုပ်သစ်ပြောင်းလိုက်ကာမှ
အလုပ်သစ်က Boss က ပိုဆိုးတာဖြစ်နိုင်ပါတယ်။
လက်ရှိအလုပ်ထက် လစာ
များလို့ ပြောင်းလိုက်ပြီးမှ အလုပ်အသစ်မှာ pressure တွေ များလာတာဖြစ်နိုင်ပါတယ်။
မိမိ ရဲ့  လုပ်ပိုင်ခွင်အာဏာ ဘာမှ မရှိတဲ့
ဘ၀ ကို ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် အလုပ်
အသစ်မပြောင်းခင်မှာ အလုပ်အသစ်ရဲ့ အခြေအနေ
အသေးစိပ်ကိုလည်း စုံစမ်းဖို့ လိုပါတယ်။
နောက်ဆုံး အနေနဲ့ ကတော့
အလုပ် တစ်ခုကနေ တစ်ခုကို ပြောင်းခြင်းက မိမိ ရဲ
့ CV?Resume ကို ထိခိုက်နိုင်တာပါပဲ။ အလုပ်တစ်ခု မှာ အနည်းဆုံး
တစ်နှစ်ကျော်ကျော်တော့ နေသင့်ပါတယ်။ ဒါကြောင့် ဒါကို လည်း ထည့်သွင်း စဉ်းစားပါ။
ကိုယ့်အနေနဲ့ CV/Resume မှာ ပြနိုင်လောက်တဲ့ အချိန်အတိုင်းအတာ အထိ
ရှိပြီလားဆိုတာကို စဉ်းစားပါ။
အထက်ပါ
အချက်များအားလုံးကို စဉ်းစားပြီးယင်တောင် သင့်အနေနဲ့ ထွက်ချင်တဲ့ စိတ်ကို
မတားဆီးနိုင်ဘူးဆိုယင်တော့ အလုပ်ထွက်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့်
မှတ်ထားရမှာကတော့ သင့်အနေနဲ့  ကိုယ်ပိုင် အလုပ်တစ်ခု မတည်ဆောက်နိုင်သေးသရွေ့  မိမိ ရဲ
့ CV/Resume ရဲ့  အရည်အသွေးကို
ထိခိုက်စေမယ့် အရာတွေကို ရှောင်ကြဉ်ရမယ်ဆိုတာပါပဲ။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect
Myanmar)

Comments
Post a Comment