စိတ်ဖိစီးမှုကို လက်တွေ့ ကျကျ ဖြေဖျောက်နည်း
ယခု အခါမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အစစအရာရာ ဟာ လိုချင်တက်မက် စရာတွေကြီးပါပဲ။ ကားအကောင်းစားကြီးတွေ၊ အ၀တ်အစားအကောင်းစားတွေ၊ Iphone 6 တို့  Galaxy Note 4 တို့ ဆိုပြီး ၀ယ်ချင်စရာ ပစ္စည်းတွေ၊ လိုချင်တက်မက် စရာအရာတွေ အပုံအပင်ပါပဲ။ ကားမရှိသေးတဲ့သူကလည်း ကိုယ်ပိုင်ကား ရှိနိုင်ဖို့ ရာ ကြိုးစားမယ်။ ကားရှိပြီးသား သူကလည်း ရှိနေတဲ့ ကားထက် ပိုကောင်းတဲ့ ကားစီးနိုင်အောင်ကြိုးစားနေကြတယ်။ Iphone 5 ကိုင်နေတဲ့သူကလည်း 5s ပြောင်းကိုင်ချင်တယ်။ 5s ကိုင်နေတဲ့သူကလည်း 6 ကို ပြောင်းကိုင်ချင်တယ်။ အဲ့ဒီလို ဖြစ်ပေါ်နေတဲ့ စိတ်ဆန္ဒတွေဟာ မိမိရဲ့  စိတ်အပေါ်မှာ အနည်းနဲ့ အများ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သိသိသာသာ ဖိစီးတာ ရှိမယ်။ မသိမသာ ဖိစီးတာ ရှိမယ်။ ခုနက ပစ္စည်း တွေ က ဥပမာ ပေးတာပါ။ တခြား အကြောင်းအရာတွေကြောင့်လည်း စိတ်ဖိစီးမှုတွေ ရှိနိုင်တာပါပဲ။ ရှိလဲ ရှိနေကြတာပါပဲ။ စိတ်ဖိစီးမှု အနည်း ငယ် ရှိတာက ကောင်းတယ်လို့ ဆိုလို့ ရမယ်။ ကြိုးစားဖို့ တွန်းအား ရှိနေမယ်။ အလုပ် ပြီးမြောက်ဖို့ တွန်းအားဖြစ်နေမယ်။ ဒါပေမယ့် စိတ်ဖိစီးမှု အကြီးကြီး ရှိတာကတော့ မကောင်းပါဘူး။ မိမိ ရဲ့ ကိုယ်နဲ့ စိတ် ကျန်းမာရေးကို ထိခိုင်နိုင်တယ်။ မိသားစု ဘ၀၊ လူမှုရေးဘ၀တွေကိုလည်း ထိခိုက်နိုင်တယ်။ ဒါပေမယ့် စိတ်ဖိစီးမခံနိုင်လို့ အလုပ်မလုပ်တော့ ဘူး လို့ လုပ်လို့ မရပါဘူး။ စိတ်ဖိစီးမှုကတော့ ကြုံနေရဦးမှာပဲ။ ဒါဆိုယင် အဲ့ဒီ ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းပြီး ကျော်ဖြတ်မလဲ။ အောက်မှာ လက်တွေ့ ကျတဲ့အချက်လေးတွေ ရေးထားပါတယ်။
၁။ အိပ်ရေးဝအောင် အိပ်ပါ။
လူကြီးတစ်ယောက်
အတွက် တစ်ညကို အိပ်ချိန် ၇ နာရီမှ ၈ နာရီအထိ ရှိသင့်ပါတယ်။ အဲ့ဒါက Mayo clinic က
သတ်မှတ်ထားတဲ့ အချက်ပါ။ ဒါပေမယ့် သူနဲ့ ဆန့် ကျင်တဲ့ research တစ်ခုက တွေ
့ရှိချက်ကတော့ လူပေါ်မှာ မူတည်ပြီး တချို့ လူတွေက ၅ နာရီ လောက် အိပ်ရုံနဲ
့လုံလောက်ပြီး တချို့ ကျတော့ ၁၀ နာရီလောက် အိပ်တာတောင် မလုံလောက်တာ ရှိတတ်ပါတယ်လို
့ဆိုပါတယ်။ ဒီ နာရီ သတ်မှတ်ချက်တွေ ထားပါ။ အခု ပြောမှာကတော့ အိပ်ချိန် ကို
ပိုရအောင် ဘယ်လို လုပ်မလဲ ဆိုတာပါပဲ။ ၁၅ မိနစ် စောပြီး အိပ်ယာ ၀င်ပါ။ ဒါမှ မဟုတ်
၁၅ မိနစ် နောက်ကျပြီးမှ ထပါ။ ဒါဆို အဲ့ဒီ ၁၅ မိနစ်က ဘယ်က ရမလဲ။ လွယ်ပါတယ်။
facebook သုံးတဲ့ အချိန် ၁၅ မိနစ် လျော့ လိုက်ပါ။ လုပ်စရာတွေကို သေချာ သုံးသပ်ပြီး
နောက်နေ့ လုပ်ယင် ရနိုင်တဲ့အလုပ်ကို နောက်နေ့ ပြောင်းလိုက်ပါ။ နေ့ တိုင်းတော့
အဲ့ဒီ အလုပ်ကို နောက်တစ်နေ့ သို့ မပြောင်းပါနဲ့ ။ အဲ့ဒီလို နဲ့  ပထမဦးဆုံး ၁၅
မိနစ် ပို အိပ်ချိန်ရအောင် ကြိုးစားကြည့်ပါ။ အဲ့ဒီ ၁၅ မိနစ်ကို ကောင်းကောင်း
စီမံနိုင်ပြီးဆိုယင်တော့ နောက်ထပ် ၁၅ မိနစ် ရအောင် ထပ်ကြိုးစားပါ။ အဲ့ဒီလိုနဲ
့မိမိအတွက် သင့်တော်မယ့် အိပ်ချိန်ရအောင် ကြိုးစား ကြည့်ပါ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းဟာ စိတ်ဖိစီးမှုကို တုံ့ ပြန်နိုင်တဲ့
စွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။
၂။
ရေများများသောက်ပါ။
သင့်ရဲ့  lifestyle, နေရာဒေသ၊ ရာသီဥတု ပေါ်မူတည်ပြီး
ရေလိုအပ်ချက်ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ယင်တော့ တစ်နေ့ တာ လိုအပ်သော ရေ
ပမာဏ ပြည့်မှီအောင် သောက်စေချင်ပါတယ်။
ရေသောက်ခြင်းနဲ
့စိတ်ဖိစီးမှုနဲ့ ဘာဆိုင်လဲ။
ကျွန်တော်တို
့ရဲ့  body တည်ဆောက်ပုံမှာ ရေက အဓိက ကျပါတယ်။ body လှုပ်ရှားလည်ပတ်မှုအတွက် ရေက
အဓိက ကျတဲ့ အခန်း က ပါဝင်ပါတယ်။ body မှာ ရေမလုံလောက်ခဲ့လို့ ရှိယင် သင့် body ဟာ
အလိုအလျောက် စိတ်ဖိစီးမှု ဆီသို့ ဦးတည်သွားပါတယ်။ ဒါကြောင့် ရေသောက်ဖို
့လိုအပ်ပါတယ်။
ရေသောက်နည်းတဲ့သူတွေ
အတွက်တော့ အစပိုင်းမှာ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ချက်ချင်း အများကြီးသောက်ရမယ်
မဟုတ်ပါဘူး။ တစ်နေ့ ကို နည်းနည်း နည်းနည်းတိုးပြီး သောက်သွားပါ။။ ဥပမာ တစ်နေ့ ကို
တစ်ခွက်နှုန်းတိုးပြီး သောက်သွားပါ။ အဲ့ဒါဆိုယင် အကျင့်ဖြစ်သွားမှာပါ။
ပိုက်ဆံလည်း အကုန်အကျ သက်သာတဲ့ စိတ်ဖိစီးမှု ဖြေဖျောက်နည်းပါ။ အနည်းဆုံးတစ်နေကို
၁၀ ခွက်လောက် သောက်ဖြစ်အောက်ကြိုးစားပါ။
၃။
အချိန်ကို စနစ်တကျ စီမံခန့် ခွဲပါ။
ဒီအကြောင်းတော့
ကျွန်တော် ခဏခဏ ရေးဖူးပါတယ်။ သင့်ရဲ အကျိုး ရှိတဲ့ အချိန်တွေကို စနစ်တကျ စီမံပြီး
အသုံးချပါ။ အရေးမကြီးတဲ့ အရာတွေအတွက် အချိန်တွေကို ကုန်ဆုံးမခံပါနဲ့ ။ 20/80 rules
ဆိုတာ နာမည်ကြီးပါတယ်။ တစ်နေ့ တစ်နေ့ အလုပ်မှာ 20 % နှုန်းသော အချိန်တွေက ပဲ
အကျိုးရှိတဲ့ အရာအတွက် ကုန်ဆုံးပြီး 80% သော အချိန်တွေက အကျိုးမရှိတဲ့ အရာတွေမှာ
ကုန်ဆုံးတာများပါတယ်။ အဲ့ဒါကြောင့် မိမိအတွက် ဘယ်အရာက အရေးကြီးတယ် ဆိုတာကို
သိရှိဖို့ လိုအပ်ပါတယ်။ အချိန်ဇယားလေးလုပ်ပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင်
ဆောင်ရွက်ပါ။ အလုပ်ကို အကြွေးမချန်ပါနဲ့ ။နောက်နေ့ မှာ ပိုများလာနိုင်ပါတယ်။
၎။
Meditation လုပ်ပါ။
Meditation
လုပ်ခြင်း ဟာ စိတ်ဖိစီးမှုကို ဖြေဖျောက်စေနိုင်တဲ့ ကောင်းသောနည်းတစ်ခု ဖြစ်ကြောင်း
သိပ္ပံ ပညာ ရှင်တွေက ပါ ထောက်ခံကြပါတယ်။ Mediation ဟာ ဘယ်ဘာသာ မဆို
ကျင့်ကြံနိုင်ပါတယ်။ စစခြင်း meditate လုပ်မည့်သူများကတော့ ဖြည်းဖြည်းခြင်း စလို
့ရပါတယ်။ ၅ မိနစ်လောက်က စပြီး ထိုင်ကြည့်ပါ။ စာဖတ်သူတော်တော်များများ လည်း
အကျွမ်းတ၀င် ရှိမှာပါ။
၅။
အလုပ်နဲ့ တွဲပြီး လေ့ ကျင့်ခန်း လုပ်ပါ။
လေ့ကျင့်ခန်း
လုပ်ရမယ်လို့ ပြောလိုက်ယင် အားကစားခန်းမကို သွားပြီး လုပ်ရမယ်လို့ မဆိုလိုပါဘူး။
အလုပ်အရမ်းများတဲ့သူတွေ အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါဆို မိမိ အလုပ်ခွင်မှာပဲ
အလုပ်လုပ်နေယင်း ကိုယ်လက်လှုပ်ရှားမှု ရှိအောင်နေကြည့်ရအောင်။ ဘယ်လို နေကြမလဲ။
ဓါတ်လှေကားကို
မသုံးပါနဲ့ ။ လမ်းလျှောက်တတ်ပါ။
မိမိ
လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောစရာ ရှိယင် ဖုန်းနဲ့ မဆက်သွယ်ပါနဲ့ ။ သူ့ အခန်းကို
သွားပြီး စကားပြောပါ။ ကွန်ပြူတာရှေ့ မှာ
တစ်နေကုန် ထိုင်နေရယင် အချိန် သတ်မှတ်ပြီး အနားပေးပါ။ အခန်းထဲ မှာ ထပြီး
လမ်းလျှောက်ပါ။
၇။ electronic ပစ္စည်းများနဲ့ ခဏ ဝေးဝေးနေကြည့်ပါ။
Internet သုံးတိုင်း၊ email တစ်ခု ဖတ်တိုင်း၊ phone call တစ်ခု
ပြောတိုင်း ကျွန်တော်တို့ ကိုယ်အတွင်းမှာ စိတ်ဖိစီးမှုတွေ ပေါ်လာပါတယ်။ ဖေ့ဘွတ်
အသုံးပြုယင် ပိုဆိုးပါတယ်။ စိတ်တိုစရာများ၊ မနာလို စရာများ၊ အလိမ့်လိုက်
အလိမ့်လိုက်ပေါ်လာတတ်ပါတယ်။ အဲ့ဒါကြောင့် ဒါတွေနဲ့ ဖြစ်နိုင်ယင် ခဏ ခွဲနေလိုက်ရအောင်။
တစ်နေ့ ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထိ ခွဲနေသင့်ပါတယ်။ အဲ့ဒီအ
ချိန်မှာ သင့် မိသားစုအတွက် အချိန်ပေးလိုက်ပါ။ တရားထိုင်ပါ။ လေ့ ကျင့်ခန်းလုပ်ပါ။
၇။ သဘာဝနဲ့ပြန်ဆက်သွယ်ပေးပါ။
အပေါ်က ပြောခဲ့တာနဲ့ ဆက်စပ်နေပါတယ်။ electronic ကမ္ဘာက ရုန်းထွက်ပြီး
ပြင်ပ ကမ္ဘာနဲ့ ဆက်သွယ်ပေးပါ။ ပန်းခြံထဲမှာ လမ်းလျှောက်အနားယူပါ။ ပန်းတွေ ၀ယ်ပြီး
ဘုရားမှာ ကပ်လှူ ပူဇော်လို့ ရပါတယ်။ ဒါမှမဟုတ်လည်း အိမ်မှာ အလှဆင်လို့ ရပါတယ်။
မိမိ ပတ်ဝန်းကျင်မှာ ရှိတဲ့သဘာဝ အလှတရားတွေကို ခံစားလိုက်ပါ။
၈။ ပြင်ဆင်ပြီးသား အစားအစာတွေကို စားသုံးခြင်းမှ လျော့ချပါ။
အလုပ်များလာတဲ့နဲ့ အမျှ အဆင်သင့်ပြင်ဆင်ပြီးသား အစားတွေကို ပဲ
စားဖြစ်ပါတော့တယ်။ ကျွန်တော်ဆိုယင် ဘန်ကောက်မှာ ကျောင်းတက်စဉ်ကာလက မနက် ခေါက်ဆွဲ၊
နေ့ လည်ခေါက်ဆွဲ၊ ညနေခေါက်ဆွဲ ဖြစ်ခဲ့တဲ့နေ့ တွေ များပါတယ်။ Thesis နဲ
့ရှုပ်နေတော့ အပြင်ကမထွက်ဖြစ်တော့ဘူး။ ခေါက်ဆွဲဘူးကို ပဲ ရေနွေးနဲ့ ဖျော်ပြီး
စားနေမိတာပါ။
တကယ်တော့ ကျန်းမာရေးအရ ဘယ်လို မှ မသင့်တော်ပါဘူး။ အဲ့ဒီ
ပြင်ဆင်ပြီးသား အစားအစာ တွေကို စားသုံးတာ လျော့ ချလိုက်မယ်ဆိုယင် သင့်ရဲ့  body ဟာ
ပိုမို ကျန်းမာလာပြီး စိတ်ဖိစီးမှုကို တန်ပြန်တိုက်ဖျက်နိုင်တဲ့ hormones တွေ
ထွက်လာမှာပါ။
အသီးအနှံ တွေကိုတော့ များများ သုံးဆောင်သင့်ပါတယ်။
၉။ အရာအားလုံးကို အကောင်းမြင်လိုက်ပါ။
ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားကြည့်ပါ။ လူတွေဟာ
ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဘ၀ ကိုယ်ရွေးချယ်ခဲ့ကြတာပါ။ ကိုယ့်ရှိနေတဲ့
ဘ၀မှာ ပျော်အောင်ကျေနပ်အောင်နေပါ။ တစ်ခုခု ဆိုယင် အကောင်းဘက်ကတွေးပေးလိုက်ပါ။
အခုခေတ်မှာ အဲ့လို ကျင့်ကြံဖို့ တော့မလွယ်ပါဘူး။ ဘာလို
့လည်းဆိုတော့ social media တွေ ပေါလာတယ်။ ဖေ့ဘွတ်ပေါ်တက်ကြွားကြတယ်။ မြင်တဲ့သူက
မနာလို ဖြစ်လာယင် စိတ်ဖိစီးမှုတွေများလာပါရော။
ဒါပေမယ့် အတတ်နိုင်ဆုံးအရာရာကို နားလည်ပေးပြီး
ခွင့်လွှတ်ပေးလိုက်ယင် အဆင်ပြေမှာပါ။ တစ်ယောက်ယောက်က
ကိုယ့်အပေါ်မကောင်းတာပြောယင် လုပ်မိယင်လည်း
သေချာ သုံးသပ်ကြည့်ပါ။ သူ့ ဘာလို့ လုပ်ရတာလဲ။ တစ်ခါတစ်ရံ ပြဿနာတော်တော်များများဟာ
ရည်ရွယ်ချက်မရှိပဲ မတော်တဆ ဖြစ်သွားတာများပါတယ်။
၁၀။လိုအပ်သူကို ကူညီပါ။
တခြားလိုအပ်နေသူတွေကို ကူညီခြင်းအားဖြင့် ကုသိုလ်ယူပါ။
ကုသိုလ်အပြင် စိတ်ချမ်းသာမှုကို ပါရအောင်ယူပါ။ မိမိ ကူညီလိုက်လို့ တခြားသူတစ်ယောက်
အဆင်ပြေသွားခဲ့ယင် ဖြစ်ပေါ်လာတဲ့ ပီတိက ဘာနဲ့ မှ မလဲနိုင်ပါဘူး။ ဒါကြောင့် မိမိ
အတိုင်းအတာအတွင်း ကူညီစရာ ရှိယင် ကူညီလိုက်ပါ။ မိမိ အတိုင်းအတာထက်ကျော်လွန်ယင်တော့
သတိထားပါ။ မိမိ အပေါ် စိတ်ဖိစီး မှုတွေ ပိုများလာနိုင်ပါတယ်။ အဲ့ဒီအခါမှာလည်း
မကူညီနိုင်ယင် ငြင်းဆန်ဖို့ အားမနာပါနဲ့ ။ ၂ ယောက်စလုံးအတွက် ပိုကောင်းပါတယ်။
၁၁။ မိမိ ၀ါသနာပါတဲ့အလုပ်ကို လုပ်ပါ။
လုပ်နေရတဲ့ အလုပ်က မိမိ ၀ါသနာနဲ့ လုံးဝ ဆန့် ကျင်နေတဲ့အလုပ်ဆိုယင်
တော့ ဘယ်လို မှ စိတ်ချမ်းသာမှု ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခြေအနေပေးခဲ့လို
့ရှိယင် မိမိ ၀ါသနာပါတဲ့ အလုပ်မှာ လုပ်နိုင်အောင်ကြိုးစားပါ။ အခြေအနေ ပေးခဲ့လို
့ရှိယင်လို့ ပြောထားပါတယ်။ အမြဲတမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ကြိုစားကြည့်တာပေါ့။
ကျွန်တော် ၀ါသနာပါတဲ့ အလုပ်က လူတွေနဲ့ ဆက်ဆံရတာ၊ ၀န်ထမ်းတွေ
ရွေးချယ် ခန့် ထားရတာ၊ CV form တွေ ဖတ်ရတာတွေကို ၀ါသနာ အဓိက ပါပါတယ်။ ဒါပေမယ့်
လုပ်နေရတာကတော့ proposal တွေ ပြင်ပြီး project တွေအတွက် ပိုက်ဆံရှာတာ၊ project တွေ
ဖန်တီးတာ၊ အစိုးရ ၀န်ထမ်းတွေနဲ့ ဆက်ဆံရတာ၊ အစည်းအဝေးတွေလိုက်တက်ရတာတွေကများနေပါတယ်
။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ ၀ါသနာကို ညပိုင်းကျယင် ကြိုးစားလုပ်ကြည့်တယ်။
လုပ်ကြည့်ယင်းက ဒီ page လေး ဖြစ်လာပြီး ဒီစာတွေရေးဖြစ်တာပါပဲ။ ဒါလည်း ကျွန်တော့်
အတွက် အပန်းဖြေမှု တစ်ခုပါပဲ။
ဒါတွေကတော့ လက်တွေ့ ကျပြီး တကယ်လည်း လိုက်လုပ်နိုင်မယ်ထင်တဲ့
စိတ်ဖိစည်းမှုကို လျော့ချနိုင်တဲ့နည်းလမ်းတွေပါပဲ။ ဒီထက်ကောင်းတဲ့ နည်းလမ်းတွေလည်း
ရှိဦးမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒါတွေ အားလုံးကို လိုက်မလုပ်နိုင်သေးပါဘူး။
ဒါပေမယ့် အတတ်နိုင်ဆုံး တော့ ကြိုးစားကြည့်ပါတယ်။ အယင်လို့ ဖေ့ဘွတ်မှာ အချိန်ကုန်မယ့် အချိန်တွေကို အခုလို စာရေးတဲ
့နေရာမှာသုံးလိုက်တယ်။ အယင် အလုပ်တုန်းက ရုံးကအလုပ်က အိမ်ထိပါလာပြီး အိမ်ထိ
ပြဿနာတွေ လိုက်လာတယ်။ အခု အလုပ်ကို အလုပ်မှာပဲ ထားတတ်လာပါပြီ။ ၀ါသနာ ပါတဲ့
အလုပ်လေးတွေ ရွေးပြီး လုပ်ဖြစ်လာတယ်။ အဲ့လိုနည်းနဲ့ အတတ်နိုင်ဆုံး
စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းနေပါတယ်။
ဒါပေမယ့် ဒီ page လုပ်ပြီး မှ တစ်နေ့ ကို ဆောင်းပါး တစ်ပုဒ် ရအောင်
ရေးမယ်ဆိုတဲ့ ဖိစီးမှုကြီးကတော့ ပေါ်လာတယ်ဗျို့ ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Comments
Post a Comment