အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မှု နှင့် အိမ်ထောင်ရေး (အချစ်ရေး) သာယာမှု ကို ဟန်ချက်ညီညီ ထိန်းချုပ်ခြင်း
အယင် နေ့ တွေ က ရေးခဲ့တဲ့ အကြောင်းအရာတွေက လူငယ်တွေ ဘ၀တိုးတက်ဖို့ အလုပ်ခွင်မှာ အဆင်ပြေဖို့ အလုပ်အကိုင် ရဖို့ ဦးစားပေးရေးခဲ့တာလေးတွေ များပါတယ်… ဘ၀တိုးတက်ရေးဘက်ကို ကြီးပဲ ဦးစားပေးရေးနေတဲ့အချိန်မှာ အရေးကြီးတဲ့ အချက်လေး တစ်ခုက ခေါင်းထဲ ရောက်လာလို့ ဒီ စာလေးကို ဒီည ရေးဖြစ်လိုက်တာပါ။ ဒီစာကို မဖတ်ခင် တစ်ခုကြိုတင် ပြောချင်တာကတော့ ကျွန်တော် ကိုးကားထားတဲ့ မူရင်း ဆောင်းပါးက အနောက်နိုင်ငံကပါ။ ဒါကြောင့် ဒီထဲမှာ ပါတဲ့ တချို့ ဥပမာ လေးတွေက မြန်မာ ယဉ်ကျေးမှု ဓလေ့ ထုံးစံနဲ့ ကွဲ ပြားမှု ရှိယင် ရှိနိုင်ပါတယ်.. ဒါကြောင့် အတုယူစရာ ရှိတဲ့ အချက်လေးများကို သာ ရွေးချယ် အတုယူဖို့ အကြံပေးချင်ပါတယ်….
တကယ်တော့ ဘ၀မှာ
အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လောက်တိုးတက်တိုးတက် ငွေကြေးတွေ ဘယ်လောက် ချမ်းသာ
ချမ်းသာ နောက်ဆုံးတော့ ကိုယ့်အတွက် စိတ်ချမ်းသာမှုကို ပေးနိုင်တာက
ကိုယ်ချစ်တဲ့သူတွေနဲ့ တူတူ ရှိနေဖို့ ပါပဲ….. ကိုယ်ချစ်တဲ့သူ ဆိုတဲ့ ထဲမှာ ၁၅၀၀
အချစ်ကော ၅၂၈ အချစ်နဲ့ ချစ်ရတဲ့သူတွေ အကုန်လုံးကို ဆိုလိုတာပါ။
အလုပ်နဲ့ မိသားစု ကြား
ဟန်ချက် ထိန်းနိုင်ဖို့ ဆိုတာ လွယ်မလိုနဲ့ ခက်လှပါတယ်… ကြီးပွားတိုးတက်မှု
နောက်လိုက်လေလေ မိသားစု နဲ့ ဝေးလေလေပါပဲ။
ကဲ…ဒါဆို အဲ့ဒီ ၂
ခုကြားမှာ ဘယ်လို ကိုက်ညီအောင် လုပ်ကြမလဲ။
၁။ ၂ ခု စလုံးအပေါ်မှာ
တူညီသော ပေးဆပ်မှု ရှိပါစေ။
အလုပ် တစ်ခုကို
စတင်လိုက်ပြီဆိုတာနဲ့  ရှေ့ လျှောက် ကာလ
တောက်လျှောက်မှာ အလုပ်အတွက် ပေးဆပ်မှုတွေ ရှိရပါတော့မယ်… အဲ့ဒီလို ပဲ
အိမ်ထောင်တစ်ခု တည်ဆောက်လိုက်ပြီ ဆိုတာနဲ့ လဲ အိမ်ထောင်ရေးသာယာဖို့ အတွက်
ပေးဆပ်မှု တွေနဲ့ စတင်ရမှာပါ။ အဲ့ဒီလို့ ပေးဆပ်ရာမှာ ၂ ခု စလုံးအတွက်
တူညီစွာပေးဆပ်ရပါလိမ့်မယ်… တစ်ခုခု ဘက်ကို အားသာ ခဲ့ယင် လောလောဆယ်မှာ
အဆင်ပြေနိုင်ပေမယ့် နောက်ပိုင်းမှာတော့ အခက်အခဲများကြုံလာနိုင်စရာ
ရှိပါတယ်…အလုပ်တိုးတက်ရေးနဲ့ အိမ်ထောင်ရေး အပြန်အလှန် အထောက်အကူ ပြု အောင်
ထိန်းညှိပေးနိုင်လျှင် မိမိ ဘ၀မှာ အောင်မြင်မှု ရရှိလာနိုင်မှာပါ။
၂။ ထိန်းညှိဖို့ ဆိုတာ
မဖြစ်နိုင်ပါ။
တစ်ချို့ လူတွေက
ပြောကြပါလိမ့်မယ်… ၂ ခု စလုံးအဆင်ပြေအောင် ထိန်းညှိနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး
လို့ ။ ဟုတ်ပါတယ်… ၂ ခု စလုံး အဆင်ပြေအောင် ထိန်းညှိဖို့  ခက်ခဲပါတယ်… သို့ ပေမယ့်
အဲ့ဒီထက် ခက်ခဲတာကတော့ ၂ ခု ကို ပေါင်းစပ်ပေးဖို့ ပါပဲ။
ဒါပေမယ့် ကြံဖန်ပြီး လုပ်ကြည့်ယင်
၂ ခု ကို ပေါင်းစပ်ကြည့်လို့ ရနိုင်ပါတယ်… ဥပမာကြည့်ရအောင်။
သင့်အနေနဲ့ တစ်ရက်မှာ
၁၄ နာရီလောက် အလုပ်လုပ်ယင် လုပ်ရပါမယ်.. ၁၄ နာရီထက်လည်း ပိုယင် ပိုပါမယ်….
ဒါပေမယ့် အဲ့ဒီလောက် တောက်လျှောက်လုပ်ပြီးယင် တော့ ၁ ရက်၂ ရက်ဖြစ်ဖြစ် ခွင့်ယူပြီး
မိသားစု ကို အချိန်ပေးသင့်ပါတယ်.. အဲ့လို မျိုး နဲ့ ထိန်းညှိနိုင်ပါတယ်… ဒါက
ထိန်းညှိတာပါ။
ကဲ..ပေါင်းစပ်ကြည့်ရအောင်။
သင့်အနေနဲ့ အလုပ်နဲ့ ပက်သက်တဲ့ ခရီးလေးသွားစရာ ရှိတယ်ဆိုပါစို့ ။ အဆင်ပြေတယ်ဆိုယင်
မိမိရဲ့ အိမ်ထောင်ဖက်ကို ပါ ခရီးကို
အတူခေါ်သွားနိုင်ပါတယ်.. ဖြစ်နိုင်ယင် ခွင့်ရက်တိုလေး ပါယူလိုက်ပါ…ဒါဆို Mini
vacation လေး တစ်ခု ဖန်တီးဖြစ်သွားတာပေါ့။ အဲ့လို ပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က သူ့ အလုပ်နဲ့ သွားမယ်ဆိုလည်း
ကိုယ် အဆင်ပြေယင်လိုက်သွားနိုင်ပါတယ်.. ဒါကတော့ အလုပ်နဲ့ အိမ်ထောင်ရေးကို ပေါင်းစပ်ကြည့်တာပါ။
၃။ အဓိက ဦးစားပေး ကို သတ်မှတ်ထားပါ။
အလုပ်လုပ်တဲ့ နေရာမှာ အဓိကလား သာမညလား ခွဲခြားတတ်ဖို့ က
အရေးကြီးပါတယ်… ဒါမှသာ အချိန် အကန့် အသတ် အတွင်းမှာ အဓိက လုပ်ငန်းတွေကို
ဦးစားပေးလုပ်ပြီး အောင်မြင်နိုင်မှာပါ။ အဲလို ပါပဲ…. အိမ်ကို
ပြန်ရောက်ပြီးဆိုလျှင်လည်း ကိုယ့် မိသားစု ကိုယ့် အိမ်ထောက်ဖက်အတွက် ဘယ်ဟာက အဓိက
ဦးစားပေးလဲ ဘယ်ဟာက သာမညလဲ ကို ခွဲခြားတတ်ပြီး ဦးစားပေး အရာများကို
အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသင့်ပါတယ်…ဒါဆိုယင်တော့ ဘယ်လောက် အချိန် အကန့် အသန်
့ရှိရှိ အလုပ်မှာရော မိသားစု အရေးမှာ ပါ အောင်အောင်မြင်မြင်နဲ
့ဖြတ်သန်းနိုင်မှာပါ။
၎။ ကိုယ်ရှိနေကြောင်း အိမ်ထောင်ဖက်သိပါစေ။
အလုပ်တွေ အရမ်းများလို့ အိမ်ထောင်ဖက်အတွက် ပေးရတဲ့ အချိန်တွေ ကန်
့သတ်မှု ရှိနေယင်တောင် အတတ်နိုင်ဆုံး တိုးတောင်းလှတဲ့ တွေ့ ဆုံချိန်လေးမှာ
ကိုယ်ရှိနေတာကို အိမ်ထောင်ဖက် သတိပြု မိပါစေ။ ဒီနေ့ ခေတ်မှာ အရမ်းအရေးကြီးလှပါတယ်…
ကိုယ့်အနေနဲ့ မိသားစု ကို အချိန်ပေးမယ်ဆိုယင် ကျန်တာအားလုံး ကို မေ့ပစ်ပြီး
ပေးလိုက်ပါ။ မိသားစု နဲ့ ရှိနေချိန်မှာ email ဖတ်နေတာမျိုး၊ ဖုန်းဆက်နေတာမျိုး တွေ
မဖြစ်ပါစေနဲ့ ။ ကိုယ် ရှိနေတဲ့ အချိန်လေးက သူတို့ အတွက် အဖိုးတန် သော အချိန်လေးတွေ
ဖြစ်ပါစေ။
၅။ ကိုယ့်ကို နားလည်နိုင်မယ့် ဘ၀လက်တွဲဖော် ကို ရွေးချယ်ပါ။
ဘ၀မှာ ကိုယ့်ကို နားလည်နိုင်မယ့် လက်တွဲဖော် ရဖို့ တကယ်ကို
အရေးကြီးလှပါတယ်.. ဒါမှ သာ ကိုယ် အတွက် အလုပ်နဲ့ အိမ်ထောင်ရေးထိန်းညှိရမှာ
အဆင်ပြေမှု ရှိမှာပါ။ ကိုယ် အရမ်း အလုပ်ရှုပ်နေတဲ့အချိန်မှာ အိမ်ထောက်ဖက်ထံမှ
နားလည်မှု ရှိပြီး ငြိုငြင်မှု မရှိစေရန်မှာ အရမ်းအရေးကြီးလှပါတယ်။
၆။ အိပ်ချိန်လျော့ပါ။ (ဒါကတော့ အကောင်းဆုံးနည်းလို့ မပြောလိုပါဘူး)
ကိုယ့်မှာ အိမ်ထောင်ဖက်အပြင် သားသမီးတွေ ပါရလာယင် သူတို့ တွေ
အတွက်ပါအချိန်ပေးရပါတော့မယ်.. အဲ့ဒါဆိုယင်တော့ သားသမီးတွေ မအိပ်ခင်မှာ သူတို့ နဲ
့ရှိပေးပြီး သူတို့ အိပ်သွားမှ အလုပ်ကို လုပ်ရပါမယ်… ဒါကတော့ အကောင်းဆုံး
နည်းလမ်းမဟုတ်ပါဘူး.. ဒါပေမယ့်လည်း အချိန် အတိုင်း တခါ တစ်ခုထိ တော့
အသုံးဝင်မှာပါ။
၇။ အလုပ်အောင်မြင်မှုကို အိမ်ထောင်ဖက်နှင့် မျှဝေပေးပါ။
မိမိ အလုပ်မှာ အောင်မြင်မှု ရခဲ့တဲ့ အကြောင်းလေးတွေကို
အိမ်ထောင်ဖက်ကို မျှဝေပေးပါ။ ဒါဆိုယင် သူလည်း သင့်အလုပ်အပေါ်မှာ နားလည်မှု
ပိုများလာနိုင်ပါတယ်။….
ဒါရဲ့ ဆန့် ကျင်ဘက်ကတော့
အလုပ်က ပြသနာတွေ အမှိုက်တွေကို အိမ်ကို သယ်မလာပါနဲ့ ။ အဲ့ဒါဆိုယင်တော့ သင့်ရဲ့  ဘ၀ဟာ အလုပ်မှာရော အိမ်မှာ ပါ
မအေးချမ်းနိုင်တော့ပါ။
၈။ အထိမ်းအမှတ် နေ့ လေးတွေကို ကျင်းပပေးပါ။
မိမိ တို့ ရဲ့  လက်ထပ်မှု
နှစ်ပတ်လည်နေ့ ၊ အိမ်ထောင်ဖက်ရဲ့ မွေးနေ
့လေးတွေကို အမှတ် တရနဲ့  ၂ ယောက်တူတူ ကြည်ကြည်နူးနူး ကျင်းပပေးသင့်ပါတယ်… အဲ့ဒီ
ရက်တွေမှာ ဘယ်လောက် အလုပ်များများ အိမ်ထောင်ဖက်နဲ့ တူတူ ရှိသင့်တယ်.. တူတူ
မရှိနိုင်ဘူးဆိုယင်တော့ သူ့ အတွက် လက်ဆောင်ပေးပို့ ခြင်း အမှတ် တရဖြစ်စရာ တစ်ခုခု
စီမံပေးခြင်းမှာ လုပ်သင့်ပါတယ်။ ဖုန်းဆက်ဖို့ မမေ့ပါနဲ့ ။
၉။ လေးစားမှု၊ ပေးဆပ်မှု၊ ညှိနှိုင်းမှု များဖြင့် အသက်ရှင်ပါ။
တိုးတက်အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ မိမိ မိသားစုနဲ
့ဆက်ဆံရာမှာ အထက်ပါ ၃ ချက်ကို လုံးလုံးလျားလျား ကျင့်သုံးသင့်ပါတယ်… မိသားစု
အပေါ်မှာ လေးလေး စားစား ရှိရမယ်… ပေးဆပ်နိုင်သမျှ ပေးဆပ်ရမယ်…. တကယ်လို
့အခက်အခဲကြုံလာယင် ညှိနှိုင်းဖြေရှင်းကြရပါမယ်.. အဲ့ဒီ ၃ ချက်က အရမ်းကို
အရေးကြီးလှပါတယ်။
၁၀။ မကြာခန ဆက်သွယ်ပေးပါ။
အခုခေတ်မှာ ဖုန်းတွေလည်း ဈေးကျ ကုန်ပါပြီ…. မိမိ
အိမ်ထောင်ဖက်မှာရော သားသမီးတွေမှာပါ ဖုန်းတွေ ရှိပါပြီ။ မိမိ မအားတဲ့ကြားက
အချိန်ရယင် ရသလို ဖုန်းခေါ်ပေးပါ။ အရေးကြီး အကြောင်းအရာ ရှိမှ ဆက်သွယ်တာမျိုး
မဟုတ်ပဲ အချိန်ရယင် ရသလို ဆက်ပေးသင့်ပါတယ်.. ဒါဆိုယင်
သင်အချိန်မပေးနိုင်ယင်တောင်မှ သင့်ကို နားလည်မှု ရှိလာနိုင်မှာပါ။
၁၁။ အလုပ်များကို ရုံးမှာ ထားခဲ့ပါ။
ဒါကတော့ အပေါ်မှာ ပြောထားပြီးသားပါ။ အလုပ်များ ပြသနာများကို
ရုံးမှာထားခဲ့ပါ။ အိမ်ကို သယ်မလာပါနဲ့ ။ ရုံးက မီးကို အိမ်အထိ မလောင်ပါစေနဲ့ ။
ကျွန်တော် အထက်မှာ ရေးခဲ့တာတွေက ကိုယ့်အိမ်ထောင်ဖက်နဲ့ တင်မကပါဘူး
ကိုယ့်ရဲ့  မိဘ ညီအစ်ကို မောင်နှမ
သူငယ်ချင်း အပေါင်းအသင်းတွေ အတွက် ပါ အရေးကြီးလှပါတယ်။
ကဲ…ဒါဆိုယင်တော့ ယခု လက်ရှိမှာ ကိုယ့်အနေနဲ့ ဘယ်လို အခြေအနေ
ရှိနေလဲ ဆိုတာ ပြန်လည် သုံးသပ်ပြီး ပြင်စရာ ရှိတာကို ပြင်ဆင်ကြရအောင်လားဗျာ။
အားလုံး ပျော်စရာမိသားစု ဘ၀ကို ပိုင်ဆိုင်ပြီး
အလုပ်အကိုင်လည်းတိုးတက်နိုင်ကြပါစေ။
ကိုဟိန်း (Prospect Myanmar)

Comments
Post a Comment