လက်ရှိအလုပ်ကနေ အောင်အောင်မြင်မြင်နဲ့ ဘယ်လိုထွက်မလဲ။

ဒီနေ့ ရေးမှာကတော့ မနေ့ က ဆောင်းပါးရဲ့ အဆက်ပါ။ မနေ့  အလုပ်ထွက်မယ်လို့ မဆုံးဖြတ်ခင်မှာ သေချာ စဉ်းစားသင့်တဲ့ အချက် (၅) ချက်ကို ရေးသားခဲ့ပါတယ်။ အဲ့ဒီ (၅) ချက်ကို သေချာအပြန်ပြန် အလှန်လှန် စဉ်းစားပြီးတာတောင်မှ ထွက်ချင်တယ်ဆိုယင်တော့လည်း ထွက်ရတော့မှာပေါ့။ တခြား ရွေးချယ်စရာမှ မရှိတော့တာ။ သို့ ပေသည့် အထွက်ကောင်းဖြစ်အောင် ထွက်တတ်ဖို့ တော့ လိုပေသည်။ ကျန်ရစ်ခဲ့တဲ့သူများ က ကိုယ့်အပေါ် တသသ ဖြစ်အောင် ထွက်ခဲ့တတ်ဖို့ လိုလေသည်။ သင့်ရဲ့ သူဌေးက သင့်ကို နောက်ဆုံးရက် အထိကို ပြန်စဉ်းစားပေးပါဦးလို့ ပြောရလောက်အောင် အထွက် တတ်ဖို့ လိုပါတယ်။ ဘာလို့ လည်း ဆိုတော့ ထိုသူများနှင့် တစ်နေ့ မဟုတ် တစ်နေ့ ပြန်ဆုံနိုင်လေသည်။ ထိုသူများက နောက်တစ်ချိန်တွင် ကိုယ့်အလုပ်လျှောက်တဲ့အခါ Recommendation ရေးပေးမည့် သူများ ဖြစ်လာနိုင်သည်။ နောက်တစ်ခုကတော့ အလုပ်ထွက်တယ်ဆိုတာကလည်း ကိုယ့်ရဲ့  အလုပ် တာဝန် တစ်ပိုင်းတစ်စ ပင် ဖြစ်သည်။ ပြီးပြီးရော ထွက်လာခဲ့၍ မရပေ။ ဒါကြောင့် အလုပ် ထွက်တဲ့ အခါ ဘာတွေ ကို လိုက်နာ ကျင့်သုံးရမလဲဆိုတာကို ဒီနေ့ ပြောပြချင်ပါတယ်။ ၁။ သင် အလုပ် ဘာကြောင့်ထွက်တယ်ဆိုတာကို သင်ကိုယ်တိုင် သေချာ နားလည် ...