SEO ဆိုတာဘာလဲ။

Digital marketing လောကနဲ့ကျွမ်းဝင်တဲ့သူတွေကတော့ SEO ဆိုတာကိုနားလည်ပါလိမ့်မယ်။ SEO ရဲ့အရှည်ကောက်ကတော့ Search Engine optimization လို့ ခေါ်ပါတယ်။ ကိုယ့် ရဲ့ website ကို google လိုမျိုး search engine တွေက သိအောင် ပြုလုပ်ရပေးတာမျိုးဖြစ်ပါတယ်။ ဘာလို့ search engine တွေက သိအောင်ပြုလုပ်ပေးရတာလဲ။ Website တစ်ခုဖန်တီးပြီးတာနဲ့အဲ့ဒီwebsite ကို လူတွေ ရှာဖွေပြီး ၀င်ကြည့်ကြလိမ့်မယ်လို့ မှတ်ယူထားရင် မှားပါလိမ့်မယ်။ ကိုယ့် website က brand တစ်ခုဖြစ်နေရင်တော့ လူတွေက အဲ့ဒီ website နာမည်ကို browser မှာရိုက်ပြီး ရှာကြပါလိမ့်မယ်။ တကယ်လို့ ကိုယ့် website က brand တစ်ခုမဟုတ်ဘူးဆိုရင်တော့ အဲ့ဒီလို ရှာဖွေ့ကြလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ အဲ့ဒါဆိုရင် ကိုယ့် website ကိုလူတွေတွေ့ အောင်ဘယ်လိုလုပ်မလဲ။ လူတွေဝင်ကြည့်အောင်ဘယ်လိုလုပ်မလဲ။ အလွယ်ဆုံးနည်းကတော့ social media တွေပေါ်ကနေ ကိုယ့် website ကို share တာဖြစ်ပါတယ်။ ဒါဆိုရင်တော့ social media ကနေ website ကို လူတွေရောက်လာပါလိမ့်မယ်။ ဒါပေမယ့် social ပေါ်ကနေ ရောက်လာတဲ့ လူတွေအပြင် အခြားနေရာကနေလည်း ရောက်နိုင်ပါသေး...