ဘာမှမလုပ်ပဲပိုက်ဆံဝင်စေသောနည်း (၅)မျိုး
ခေါင်းစဉ်ကတော့ စိတ်ဝင်စားစရာပါပဲ။ အောက်မှာ ရေးထားတဲ့ နည်း (၅) နည်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် အချို့ နည်းတွေကတော့ မြန်မာပြည်မှာ ရှိချင်မှ ရှိဦးမှာပါ။ ကြိုတင်စဉ်းစားထားလို့ ရအောင်ပေါ့။ (၁) အိမ်စောင့် အကောင်းစား ပစ္စည်းတွေကြီးပဲ သုံးထားတဲ့ အိမ်မှာ အချိန်ပိုင်း အိမ်စောင့် သွားလုပ်တာပါ။ ဒရ၀မ်ကို ပြောတာ မဟုတ်ပါဘူး။ တံခါးပေါက်မှာ စောင့်ရတာကို ပြောတာမဟုတ်ပါဘူး။ သူတို့ ရဲ့ အကောင်းစား ဆိုဖာကြီးပေါ်မှာထိုင်၊ လက်မ ၅၀ လောက်ရှိတဲ့ တီဗွီကြီးကို ကြည့်၊ ထိုင်ရတာကြာလို့ ဖင်ပူလာလျှင် ရေချိုးကန်ကြီးထဲမှာ ရေသွားစိမ် လိုက်ယုံပဲ။ အချိန်လည်းပြည့်ရော ပိုက်ဆံ လည်းရရော။ ဘယ်လောက်ကောင်းမလဲ။ တချို့ တချို့ တွေက အိမ်မှာ အချိန်ပြည့် အစောင့်မထားပဲ အချိန်ပိုင်း အစောင့်သဘောမျိုး ထားတတ်ကြပါတယ်။ အဲ့ဒီအလုပ်မျိုးဆိုလျှင်တော့ ဘာမှ ပင်ပင်ပန်းပန်း မလုပ်ရပဲ ဇိမ်လည်းကျ ပိုက်ဆံလည်းရပေါ့။ (၂) ပစ္စည်းတွေ ထုတ်ရောင်းပါ။ ခေါင်းစဉ်ကိုက ဘာမှ မလုပ်ပဲ ပိုက်ဆံ ၀င်အောင်လုပ်နည်းပါ။ အဲ့ဒီတော့ သင်စုဆောင်းထားတာတွေ၊ သင်ပိုက်ဆံ ဖြုန်းတီးပြီး ၀ယ်ထားတာတွေကို ထုတ်သာရောင်းပေးတော့။ အဲ့ဒါဆိုလျှင်တော့ ပိုက်ဆံ ၀င်တာပေါ့။ အ...