Forrest Gump ရုပ်ရှင်မှ သင်ယူသင့်တဲ့ သင်ခန်းစာ (၁၄)ခု

Forrest Gump ရုပ်ရှင်ကို တော်တော်များများကြည့်ဖူးမယ်ထင်ပါတယ်။ မကြည့်ဖူးတဲ့သူရှိလျှင်လည်း ကြည့်သင့်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့ ကို စိတ်ထဲမှာ တစ်စုံတစ်ခုခံစားရဖို့ သေချာပါတယ်။ ဒါပေမယ့် အချို့ အချက်လေးတွေကို သတိမပြုမိလိုက်တာရှိလျှင် ရှိပါမယ်။ အောက်မှာရေးထားတဲ့အချက်တွေကတော့ ကျွန်တော်တို့ သတိမပြုမိလိုက်တာတွေထဲကမှ လိုက်နာသင့်တဲ့ ဘ၀သင်ခန်းစာလေးတွေဖြစ်ပါတယ်။ (၁) ရိုးသားဖို့ကို မကြောက်ပါနဲ့ ။ Forrest Gump ဟာ စိတ်ထဲမှာရှိတဲ့အတိုင်းအမြဲတမ်း ဖွင့်ဟပါတယ်။ ပြောဆိုတယ်။ စိတ်ထဲရှိတဲ့အတိုင်း ရိုးရိုးသားသားဆက်ဆံတယ်။ အဲ့ဒီလိုလုပ်ခြင်းက တစ်ခါတစ်ရံ လူတစ်ဖက်သားကို ခံရခက်ခြင်း ဖြစ်စေနိုင်ပေမယ့် သူ့ ရဲ့ ရိုးသားတဲ့အတွင်းစိတ်ကို သိရှိသွားတဲ့အခါမှာတော့ နားလည်မှုပိုမိုရရှိသွားနိုင်ပါတယ်။ (၂) Forrest Gump ဟာ bus car မှတ်တိုင်မှာတွေ့ တဲ့အမျိုးသမီးနဲ့ ပဲဖြစ်ဖြစ်၊ အမေရိကန်သမ္မတနဲ့ ပဲဖြစ်ဖြစ် တန်းတူပဲဆက်ဆံပါတယ်။ လေးစားမှုတူတူပဲထားပါတယ်။ သမ္မတမို့ လို့ ဆိုပြီး ပိုရိုသေပြတာ၊ပိုပြီးရိုးသားပြတာမရှိပါဘူး။ လူကို လူလို့ ပဲ သဘောထားပြီးတန်းတူဆက်ဆံသွားပါတယ်။ (၃) Forrest ဟာ သူ ချစ်တဲ့...