သင့်ကို ချမ်းသာမှု ကနေ ဝေးကွာစေတဲ့ အချက် (၁၀) ချက်

၁။ ကံကောင်းတဲ့သူမှသာချမ်းသာကြပြီး မိမိမှာ ထိုကံမပါလာဘူး ဆိုတဲ့ အတွေးရှိခြင်း။ တစ်နည်းအားဖြင့်ပြောလျှင်တော့ ငါ့မှာ ချမ်းသာဖို့ ကံမပါလာပါဘူးဟု ကံကိုပုံချလိုက်ပြီး ကြိုးစားလုပ်ကိုင်ချင်စိတ်များ ပျောက်သွားစေတဲ့ အတွေးများ ရှိနေခြင်းဖြစ်ပါသည်။ ၂။ ငါလုပ်နိုင်တယ် ဆိုတဲ့ အတွေးမရှိခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိခြင်း။ ငါ့မှာ MBA မရှိဘူး။ ငါဘွဲ့ မရဘူး။ ငါ ၁၀ တန်းမအောင်ဘူး၊ ဒါကြောင့် ငါ သူဌေးလည်း မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးများရှိနေခြင်းပင်ဖြစ်ပါသည်။ စီးပွားရေးမှာ အောင်မြင်ဖို့ ပညာတတ်ခြင်းသည် တစ်စိတ်တစ်ပိုင်း အရေးကြီးပါသော်လည်း မီလျံနာတိုင်းသည် ပညာတတ်ကြီးများ မဟုတ်ကြပါ။ ဒါကြောင့် သူတစ်ပါးလို အတန်းပညာ ကောင်းစွာမရခဲ့တဲ့အတွက် ငါမလုပ်နိုင်ဘူး၊ ငါ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ ၃။ ငါဟာကြိုးစားအားထုတ်ချင်စိတ်နည်းတဲ့အတွက် မချမ်းသာနိုင်ဘူး ဆိုတဲ့ အတွေးရှိခြင်း။ ချမ်းသာတဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှု၊ ပိုမိုချမ်းသာလိုမှု ဟာ သင့်ထက် မပိုပါဘူး။ သင့်ထက်ပိုတာ တစ်ခုကတော့ သူ တို့ အပေါ် သူတို့ ယုံကြည်မှု ရှိပြီး တစ်ချိန်ချိန်မှာ ချမ်းသာရမယ် ဆိုတာကို အမြဲ လက်...